Snapdragon 821 နဲ႔ 8GB RAM ပါဝင္တဲ့ Asus ZenFone Ares

[Zawgyi]

Asus ဟာ ZenFone Ares စမတ္ဖုန္းကို ထိုင္ဝမ္ၿမိဳ႕မွာ အခမ္းအနားနဲ႔ သတင္းစာရွင္းလင္းပြဲမလုပ္ဘဲ တိတ္တဆိတ္ ျဖန္႔ခ်ိခဲ့ပါတယ္။ ဒီစမတ္ဖုန္းမွာ AR (Augmented Reality) နဲ႔ VR (Virtual Reality) တို႔ကို အသားေပးထားၿပီး spec ေတြက ၿပီးခဲ့တဲ့ႏွစ္ ZenFone AR နဲ႔ အလြန္ဆင္တူပါတယ္။

ZenFone Ares မွာ ၅.၇ လက္မ Super AMOLED panel နဲ႔ 16:9 aspect ratio ပါဝင္ၿပီး QHD resolution (1440 x 2560 pixels) နဲ႔ ေဖာ္ျပေပးႏိုင္ပါတယ္။ ဒီ display မွာ ရင္းႏွီးၿပီးသား feature အခ်ိဳ႕အျပင္ ပိုေကာင္းတဲ့ outdoor ျမင္ကြင္းနဲ႔ oil-repellent coating အတြက္ Tru2life နည္းပညာ ပါဝင္လာပါတယ္။
Chipset က နာမည္ေက်ာ္ Snapdragon 821 ျဖစ္ၿပီး RAM က 8GB ျဖစ္ပါတယ္။ သိုေလွာင္မႈပမာဏက 128GB UFS 2.0 ျဖစ္ပါတယ္။ MicroSD card ကေန သိုေလွာင္မႈပမာဏ 2TB အထိ တိုးျမွင့္ႏိုင္ပါတယ္။ ဒီ hardware ကို Google ရဲ႕ ARCore နည္းပညာနဲ႔ အသံုးျပဳႏုိင္ပါတယ္။

ကင္မရာက 23MP sensor နဲ႔ high-res PixelMaster 3.0 lens ျဖစ္ပါတယ္။ ကင္မရာမွာ AR 3D effect ေတြအတြက္ motion tracking နဲ႔ depth sensing လုပ္ေဆာင္ခ်က္ေတြ ပါဝင္ပါတယ္။ အေရွ႕ဘက္ကင္မရာက 8MP sensor ျဖစ္ပါတယ္။

ဒီစမတ္ဖုန္းမွာ Android Nougat ကို အသံုးျပဳထားပါတယ္။ ဘက္ထရီက 3,300mAh ျဖစ္ၿပီး Quick Charge 3.0 ကို ေထာက္ပံ့ေပးထားပါတယ္။

Multimedia အေတြ႕အႀကံဳအတြက္ ဒီစမတ္ဖုန္းမွာ SonicMaster 3.0 Hi-Res Audio 384 kHz audio decoder ပါဝင္သလို DTS Headphone နဲ႔ 7.1 surround ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။
ZenFone Ares ကို ထိုင္ဝမ္မွာသာ အရင္ဆံုး ေရာင္းခ်သြားမွာျဖစ္ၿပီး တန္ဖိုးက ၃၃၃ ေဒၚလာျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

 

[Unicode]

Asus ဟာ ZenFone Ares စမတ်ဖုန်းကို ထိုင်ဝမ်မြို့မှာ အခမ်းအနားနဲ့ သတင်းစာရှင်းလင်းပွဲမလုပ်ဘဲ တိတ်တဆိတ် ဖြန့်ချိခဲ့ပါတယ်။ ဒီစမတ်ဖုန်းမှာ AR (Augmented Reality) နဲ့ VR (Virtual Reality) တို့ကို အသားပေးထားပြီး spec တွေက ပြီးခဲ့တဲ့နှစ် ZenFone AR နဲ့ အလွန်ဆင်တူပါတယ်။

ZenFone Ares မှာ ၅.၇ လက်မ Super AMOLED panel နဲ့ 16:9 aspect ratio ပါဝင်ပြီး QHD resolution (1440 x 2560 pixels) နဲ့ ဖော်ပြပေးနိုင်ပါတယ်။ ဒီ display မှာ ရင်းနှီးပြီးသား feature အချို့အပြင် ပိုကောင်းတဲ့ outdoor မြင်ကွင်းနဲ့ oil-repellent coating အတွက် Tru2life နည်းပညာ ပါဝင်လာပါတယ်။
Chipset က နာမည်ကျော် Snapdragon 821 ဖြစ်ပြီး RAM က 8GB ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏက 128GB UFS 2.0 ဖြစ်ပါတယ်။ MicroSD card ကနေ သိုလှောင်မှုပမာဏ 2TB အထိ တိုးမြှင့်နိုင်ပါတယ်။ ဒီ hardware ကို Google ရဲ့ ARCore နည်းပညာနဲ့ အသုံးပြုနိုင်ပါတယ်။

ကင်မရာက 23MP sensor နဲ့ high-res PixelMaster 3.0 lens ဖြစ်ပါတယ်။ ကင်မရာမှာ AR 3D effect တွေအတွက် motion tracking နဲ့ depth sensing လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 8MP sensor ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းမှာ Android Nougat ကို အသုံးပြုထားပါတယ်။ ဘက်ထရီက 3,300mAh ဖြစ်ပြီး Quick Charge 3.0 ကို ထောက်ပံ့ပေးထားပါတယ်။

Multimedia အတွေ့အကြုံအတွက် ဒီစမတ်ဖုန်းမှာ SonicMaster 3.0 Hi-Res Audio 384 kHz audio decoder ပါဝင်သလို DTS Headphone နဲ့ 7.1 surround ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
ZenFone Ares ကို ထိုင်ဝမ်မှာသာ အရင်ဆုံး ရောင်းချသွားမှာဖြစ်ပြီး တန်ဖိုးက ၃၃၃ ဒေါ်လာဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena