Snapdragon 7c ပါဝင်တဲ့ Acer ရဲ့ပထမဆုံး Chromebook များ

Acer ကတော့ Chromebook နဲ့ Halo စမတ်စပီကာ အသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။

Acer Chromebook Spin 513 မှာတော့ Qualcomm ရဲ့ Snapdragon 7c chipset ကိုအသုံးပြုထားပါတယ်။ အဲဒီချစ်ပ်မှာ octa-core Kyro 468 CPU နဲ့အတူ Adreno 681 GPU လည်းပါဝင်လာပါတယ်။ LTE မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါတယ်။ Acer ကတော့ RAM 8GB နဲ့ storage 128GB အထိ ထည့်သွင်းထားတယ်။ Acer ရဲ့ Chromebook ကတော့ စွမ်းဆောင်ရည် အလွန် မကြီးမားပေမယ့် ၁၄ နာရီ အထိ အသုံးပြုနိုင်မယ်လို့ ပြောထားပါတယ်။

Acer ရဲ့ Chromebook Spin 513 အလေးချိန်က ၂.၆ ပေါင်ရှိပြီး ၃၆၀ ဒီဂရီ အထိ လှည့်နိုင်တဲ့ ပတ္တာလည်း ပါဝင်ပါမယ်။ မျက်နှာပြင်အရွယ်အစားက ၁၃.၃ လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 1,920x 1,080 ဖြစ်ပါတယ်။ USB-C 3.2 Gen 1 port နှစ်ခု ပါဝင်တဲ့အတွက် အခြား display တစ်ခုနဲ့ ချိတ်ဆက်နိုင်ကာ USB-A 3.2 port တစ်ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

Acer ရဲ့ Chromebook Spin 513 ကိုတေကာ့ ၃၉၉.၉၉ ဒေါ်လာနဲ့ ရောင်းပါမယ်။

Acer Halo Smart Speaker

Acer ကတော့ Halo စပီကာနဲ့ ဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။ Acer Halo စပီကာမှာ LED တွေပါဝင်ပြီး သီချင်းနားထောင်နိုင်သလို ညအိပ်မီး အဖြစ် အသုံးပြုနိုင်ပါတယ်။ LED display ကလည်း အချိန်၊ ရာသီဥတု ဒါမှမဟုတ် message တွေ ပြသပေးပါမယ်။ Halo စပီကာမှာ မိုက်ပိတ်တဲ့ ခလုတ်နဲ့ volume ခလုတ်တွေလည်း ပါဝင်လာပါတယ်။

အသံကတော့ ၃၆၀ ဒီဂရီ ပျံ့နှံ့မှုရှိပြီး DTS ထောက်ပံ့မှုလည်း ပါဝင်လာပါတယ်။ Acer Halo ကတော့ ၁၄၁ ဒေါ်လာ ကျသင့်ပါမယ်။

Acer က Windows အခြေခံ Swift, Spin, Aspire နဲ့ TravelMate တို့ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

Swift 3 စီးရီးနဲ့ ဈေးသက်သာတဲ့ Aspire 5 lapotp တွေမှာတော့ Intel ရဲ့ Iris X Max graphic ချစ်ပ်နဲ့ ၁၁ ခုမြောက် မျိုးဆက် Core CPU ပါဝင်လာပါတယ်။ Acer ရဲ့ Spin 3 ကတော့ ၁၃.၃ လက်မ 16:10 aspect ratio display ပါဝင်လာပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««