Snapdragon 768G 5G ပရိုဆက်ဆာကို Qualcomm မိတ်ဆက်

Qualcomm ရဲ့ Snapdragon 765 ပရိုဆက်ဆာအသုံးပြုထားတဲ့ ဖုန်းတွေ စတင်ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ Qualcomm ကတော့ အဆင့်မြှင့်တင်ထားတဲ့ ပရိုဆက်ဆာတစ်မျိုးကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ မျိုးဆက်သစ် Snapdragon 768G ဟာ CPU နဲ့ GPU စွမ်းဆောင်ရည်‌တွေ ပိုမိုကောင်းမွန်လာပါတယ်။

ဒီဇင်ဘာလအတွင်း Qualcomm က 765G နဲ့အတူ Snapdragon 765 နဲ့ အထင်ကရ Snapdragon 865 ကိုမိတ်ဆက်ခဲ့ပါတယ်။ 765 ပရိုဆက်ဆာတို့က 5G ‌modem ပေါင်းစပ်ထားတဲ့ chipset တွေ ဖြစ်ပါတယ်။

765 နဲ့ 765G ကွာခြားချက်ကတော့ Qualcomm Adreno 620 GPU ပါဝင်လာတာပဲ ဖြစ်ပါတယ်။ Snapdragon 765G ဟာ 765 ထက်စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်း ပိုမိုမြင့်မားပါတယ်။ Snapdragon 768G မှာတော့ GPU စွမ်းဆောင်ရည်ကို မြင့်မားအောင် ပြုလုပ်ထားတယ်လို့ Qualcomm ကပြောထားပါတယ်။ CPU ကိုလည်း 2.4GHz ကနေ 2.8GHz အထိ အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။

Snapdragon 768G မှာတော့ Snapdragon X52 modem ပါဝင်ပြီး mmWave နဲ့ sub-6GHz 5G ထောက်ပံ့မှုအပြင် 5G ကွန်ရက်တွေကို အသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: TheVerge

အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .