Snapdragon 768G ပထမဆုံး အသုံးပြုထားတဲ့ Redmi K30 5G Racing Edition

Redmi K30 စီးရီးထဲက နောက်ဆုံး K30 5G Racing Edition ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ Redmi K30 5G Racing Edition ဟာ Snapdragon 768G chipset အသုံးပြုထားတဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ Snapdragon 768G ဟာ CPU နဲ့ GPU ပိုင်းမှာ 765G ထက်သာလွန်ပါတယ်။

Redmi K30 5G Racing Edition မှာ မျက်နှာပြင် ၆.၆၇ လက်မ FHD+ IPS display ပါဝင်ပြီး 20MP selfie ကင်မရာနဲ့ 2MP depth sensor တို့ကို punch-hole ထဲထည့်ထားပါတယ်။ ကျောဘက်မှာ ကင်မရာတွေကို စက်ဝိုင်းထဲ ထည့်သွင်းထားပြီး 64MP အဓိက ကင်မရာနဲ့အတူ 8MP ultrawide နဲ့ 5MP macro တို့ ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 4,500mAh နဲ့ 30W အားသွင်းမြန်ဆန်စနစ် ပါဝင်လာပါတယ်။

Redmi K30 5G Racing Edition မှာ 6GB နဲ့ 128GB storage ဗားရှင်းတစ်ခုပဲရှိပါတယ်။ တရုတ်နိုင်ငံမှာ ကြိုတင်မှာယူပြီး ၂၈၂ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါမယ်။ မေ ၁၄ ရက်မှပဲ Redmi K30 5G Racing Edition ကို တရားဝင် ရောင်းချမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena