Snapdragon 710 ပါဝင်တဲ့ Meizu 16X ကို စက်တင်ဘာလတွင် မိတ်ဆက်မည်
[ Zawgyi ]
Ref: GizmoChina
[ Unicode ]
သြဂုတ် ၈ ရက် (မနေ့) က တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ Meizu က Meizu 16 နဲ့ Meizu 16 Plus စမတ်ဖုန်းတွေကို မိတ်ဆက်ကြေညာ ခဲ့ပါတယ်။ အဲ့ဒီ စမတ်ဖုန်းသစ်တွေမှာ in-display fingerprint scanner, မြင်မားတဲ့ screen-to-body ratio နဲ့ Snapdragon 845 SoC တို့ပါဝင်ပြီး RAM ကို 8GB အထိ ရရှိနိုင်ပါတယ်။ Meizu 16 ရဲ့ စတင်စျေးက ဒေါ်လာ ၃၉၅ ဖြစ်ပါတယ်။
ဒါ့အပြင် Meizu 16X လို့ခေါ်တဲ့ Meizu 16 စီးရီး စမတ်ဖုန်းသစ်တစ်မျိုးကိုလည်း စက်တင်ဘာလမှာ မိတ်ဆက်သွားမယ်လို့ Meizu အမှုဆောင်အရာရှိချုပ် Jack Wong က အတည်ပြုခဲ့ပါတယ်။
Meizu 16X ဟာ ကုမ္ပဏီရဲ့ notched screen ပါဝင်တဲ့ ပထမဆုံးဖြစ်နိုင်ပြီး Snapdragon 710 အသုံးပြုထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီဟန်းဆက်ရဲ့ screen ဟာ Mi 8 SE ထက် ကြီးမားတယ်လို့လည်း Wong က ပြောကြားခဲ့ပါတယ်။
အထက်ပါပုံကတော့ ပြီးခဲ့တဲ့လက ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Meizu 16X ရဲ့ screenshot ဖြစ်ပါတယ်။
Meizu 16X ရဲ့တန်ဖိုးက ဒေါ်လာ ၂၂၀ ကနေ ဒေါ်လာ ၂၉၃ အကြားရှိနိုင်တယ်လို့ သိရပါတယ်။
Ref: GizmoChina