Snapdragon 675 နဲ႔ ကင္မရာ 48MP နဲ႔ပြဲထြက္လာတဲ့ Motorola Moto Z4

[ Zawgyi ]

ၿပီးခဲ့တဲ့ႏွစ္ Moto Z3 ကုိမိတ္ဆက္ခဲ့တဲ့ Motorola ဟာ ၂၀၁၉ ခုႏွစ္မွာေတာ့ Z စီးရီး ဖုန္းသစ္ Moto Z4 ကုိ တရားဝင္ ထုတ္ေဖာ္မိတ္ဆက္လိုက္ပါတယ္။ ဖုန္းက အလယ္အလတ္တန္းစားဖုန္း ျဖစ္ၿပီး Moto Mod ေတြလည္း တြဲဖက္တပ္ဆင္ အသုံးျပဳႏိုင္ပါတယ္။

Moto Z4 မွာ မ်က္ႏွာျပင္ ၆.၄ လက္မ FHD+ OLED မ်က္ႏွာျပင္နဲ႔ 19:9 aspect ratio နဲ႔ 25MP f/2.0 selfie ကင္မရာအတြက္ ေရစက္ပုံစံ notch ကုိအသုံးျပဳထားပါတယ္။ ဖုန္းမွာ biometric လုံၿခဳံေရအတြက္ in-display fingerprint reader ပါဝင္လာၿပီး Gorilla Glass 3 ကုိအသုံးျပဳထားပါတယ္။

Moto Z4 မွာ 48MP f/1.7 ကင္မရာတစ္ခုတည္း ပါဝင္ၿပီး 12MP ႐ုိက္ခ်က္ေတြ ထြက္ရွိေအာင္ ျပဳလုပ္ေပးမယ့္ Quad Bayer color ပါဝင္တဲ့ OIS လည္းပါဝင္လာပါတယ္။ Motorola အေနနဲ႔ AI အဆင့္ျမွင့္တင္မႈ အမ်ိဳးမ်ိဳးနဲ႔ One Vision က Night Mode ကိုလည္း ထည့္သြင္းထားပါတယ္။

ဖုန္းမွာ Snapdragon 675 နဲ႔အတူ RAM 4GB နဲ႔ တိုးခ်ဲ႕ႏိုင္တဲ့ storage 128GB တို႔ပါဝင္လာပါတယ္။ ေန႔စဥ္လုပ္ငန္းစဥ္ေတြကုိ ေကာင္းစြာ ကုိင္တြယ္ႏိုင္ၿပီး ဘက္ထရီသက္တမ္း ပိုမို ေကာင္းမြန္လာပါတယ္။
ဘက္ထရီကေတာ့ Moto Z4 မွာ 3,600 mAh ျဖစ္ၿပီး 15W TurboPower charger လည္းပါဝင္လာပါတယ္။ အျခား Motorola ထုတ္ကုန္ေတြလိုပဲ Z4 မွာ Android 9 Pie နဲ႔ Moto Action ေတြလည္း ပါဝင္လာပါတယ္။ ဖုန္းရဲ႕ lock screen ကေန ဓာတ္မီး ဒါမွမဟုတ္ ကင္မရာ app ကုိဖြင့္ႏိုင္ပါမယ္။

Moto Mods ေတြကုိလည္း ဟန္းဆက္သစ္အတြက္ ေထာက္ပံ့ထားၿပီး ေဒၚလာ ၂၀၀ နဲ႔ 5G Moto mode ကုိ ဝယ္ယူႏိုင္ပါတယ္။ အျခား feature ေတြကေတာ့ နားၾကပ္ေပါက္၊ NFC နဲ႔ အၾကမ္းခံႏိုင္ဖို႔အတြက္ P2i splash-proof လည္းပါဝင္လာပါတယ္။

Moto Z4 ကုိ မီးခိုးေရာင္၊ အျဖဴနဲ႔ထုတ္လုပ္မွာ ျဖစ္ၿပီး ၄၉၉ ေဒၚလာနဲ႔ ဇြန္လ ၆ ရက္မွာ ဝယ္ယူႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

ပြီးခဲ့တဲ့နှစ် Moto Z3 ကိုမိတ်ဆက်ခဲ့တဲ့ Motorola ဟာ ၂၀၁၉ ခုနှစ်မှာတော့ Z စီးရီး ဖုန်းသစ် Moto Z4 ကို တရားဝင် ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ ဖုန်းက အလယ်အလတ်တန်းစားဖုန်း ဖြစ်ပြီး Moto Mod တွေလည်း တွဲဖက်တပ်ဆင် အသုံးပြုနိုင်ပါတယ်။

Moto Z4 မှာ မျက်နှာပြင် ၆.၄ လက်မ FHD+ OLED မျက်နှာပြင်နဲ့ 19:9 aspect ratio နဲ့ 25MP f/2.0 selfie ကင်မရာအတွက် ရေစက်ပုံစံ notch ကိုအသုံးပြုထားပါတယ်။ ဖုန်းမှာ biometric လုံခြုံရေအတွက် in-display fingerprint reader ပါဝင်လာပြီး Gorilla Glass 3 ကိုအသုံးပြုထားပါတယ်။

Moto Z4 မှာ 48MP f/1.7 ကင်မရာတစ်ခုတည်း ပါဝင်ပြီး 12MP ရိုက်ချက်တွေ ထွက်ရှိအောင် ပြုလုပ်ပေးမယ့် Quad Bayer color ပါဝင်တဲ့ OIS လည်းပါဝင်လာပါတယ်။ Motorola အနေနဲ့ AI အဆင့်မြှင့်တင်မှု အမျိုးမျိုးနဲ့ One Vision က Night Mode ကိုလည်း ထည့်သွင်းထားပါတယ်။

ဖုန်းမှာ Snapdragon 675 နဲ့အတူ RAM 4GB နဲ့ တိုးချဲ့နိုင်တဲ့ storage 128GB တို့ပါဝင်လာပါတယ်။ နေ့စဉ်လုပ်ငန်းစဉ်တွေကို ကောင်းစွာ ကိုင်တွယ်နိုင်ပြီး ဘက်ထရီသက်တမ်း ပိုမို ကောင်းမွန်လာပါတယ်။
ဘက်ထရီကတော့ Moto Z4 မှာ 3,600 mAh ဖြစ်ပြီး 15W TurboPower charger လည်းပါဝင်လာပါတယ်။ အခြား Motorola ထုတ်ကုန်တွေလိုပဲ Z4 မှာ Android 9 Pie နဲ့ Moto Action တွေလည်း ပါဝင်လာပါတယ်။ ဖုန်းရဲ့ lock screen ကနေ ဓာတ်မီး ဒါမှမဟုတ် ကင်မရာ app ကိုဖွင့်နိုင်ပါမယ်။

Moto Mods တွေကိုလည်း ဟန်းဆက်သစ်အတွက် ထောက်ပံ့ထားပြီး ဒေါ်လာ ၂၀၀ နဲ့ 5G Moto mode ကို ဝယ်ယူနိုင်ပါတယ်။ အခြား feature တွေကတော့ နားကြပ်ပေါက်၊ NFC နဲ့ အကြမ်းခံနိုင်ဖို့အတွက် P2i splash-proof လည်းပါဝင်လာပါတယ်။

Moto Z4 ကို မီးခိုးရောင်၊ အဖြူနဲ့ထုတ်လုပ်မှာ ဖြစ်ပြီး ၄၉၉ ဒေါ်လာနဲ့ ဇွန်လ ၆ ရက်မှာ ဝယ်ယူနိုင်ပါတယ်။

Ref: GSMArena