Snapdragon 439 နဲ႔ ဘက္ထရီ 4,000 mAh ပါဝင္လာတဲ့ Redmi 7A ကုိမိတ္ဆက္

[Zawgyi]

Xiaomi ရဲ႕ Redmi အမွတ္တံဆိပ္ဟာ ေဈးႏႈန္းအသက္သာဆုံး စမတ္ဖုန္းျဖစ္တဲ့ Redmi 7A ကုိ မိတ္ဆက္ခဲ့ပါတယ္။ Redmi 7A ဟာ Redmi 6A ေနရာကို ဆက္ခံသြားမွာ ျဖစ္ၿပီး ဆြဲေဆာင္မႈရွိတဲ့ feature လည္း ပါဝင္လာပါတယ္။

Redmi 7A စမတ္ဖုန္းမွာ Snapdragon 439 chipset ကုိအသုံးျပဳထားပါတယ္။ ဖုန္းမွာ notch မပါဝင္သလို မ်က္ႏွာျပင္အရြယ္အစားက ၅.၄၅ လက္မ HD+ (720x 1440px) ႐ုပ္ထြက္အရည္အေသြးနဲ႔ 18:9 aspect ratio ကုိအသုံးျပဳထားပါတယ္။ မ်က္ႏွာျပင္ေဘးဘက္မွာ ေကာက္ေကြးတဲ့စတိုင္လ္ကုိ အသုံးျပဳထားပါတယ္။

Redmi 7A ရဲ႕ memory ကေတာ့ 2GB နဲ႔ storage 16GB ကိုတြဲဖက္ေပးထားပါတယ္။ ဒါေပမဲ့ 3GB/32GB ေမာ္ဒယ္ကိုလည္း ထုတ္လုပ္ထားပါတယ္။ Redmi 7A မွာ microSD ကတစ္ဆင့္ storage ကို 256GB အထိ တိုးခ်ဲ႕ႏိုင္ပါတယ္။

ကင္မရာပုိင္းမွာလည္း ေက်ာဘက္မွာ PDAF နဲ႔ LED flash တို႔နဲ႔အတူ 13MP ပါဝင္လာပါတယ္။ ေရွ႕ကင္မရာမွာေတာ့ 5MP ပါဝင္တယ္လို႔ သိရပါတယ္။ ဘက္ထရီကေတာ့ 4,000mAh ျဖစ္ၿပီး Snapdragon 439 ေၾကာင့္ စြမ္းအင္သုံးစြဲမႈ နည္းပါးပါတယ္။ ဒါေၾကာင့္ ဘက္ထရီသက္တမ္း တာရွည္ခံပါတယ္။ Redmi 7A မွာ Android 9.0 အသုံးျပဳထားပါတယ္။
အားသာခ်က္တစ္ခုကေတာ့ Redmi 7A မွာ 3.5mmm နားၾကပ္ေပါက္ပါဝင္ၿပီး P2i ေရစိုခံခြင့္ျပဳခ်က္ ရရွိထားတဲ့ ထုတ္ကုန္လည္းျဖစ္ပါတယ္။ Motorola ထုတ္ကုန္အမ်ားဆုံးလိုပဲ ေရစိုဒဏ္ခံႏိုင္ေအာင္ နာႏိုကုိ အေပၚကေလာင္းထားပါတယ္။

Redmi 7A ထုတ္ကုန္ေဈးႏႈန္းနဲ႔ ျဖန္႔ခ်ိမယ့္ရက္ကုိေတာ့ ေမလ ၂၈ ရက္ေန႔႔ Redmi K20 မိတ္ဆက္စဥ္မွာ ေၾကညာမယ္လို႔ သိရပါတယ္။ Redmi 7A ကုိ အနက္နဲ႔ အျပာဆိုၿပီး ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[Unicode]

Xiaomi ရဲ့ Redmi အမှတ်တံဆိပ်ဟာ ဈေးနှုန်းအသက်သာဆုံး စမတ်ဖုန်းဖြစ်တဲ့ Redmi 7A ကို မိတ်ဆက်ခဲ့ပါတယ်။ Redmi 7A ဟာ Redmi 6A နေရာကို ဆက်ခံသွားမှာ ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ feature လည်း ပါဝင်လာပါတယ်။

Redmi 7A စမတ်ဖုန်းမှာ Snapdragon 439 chipset ကိုအသုံးပြုထားပါတယ်။ ဖုန်းမှာ notch မပါဝင်သလို မျက်နှာပြင်အရွယ်အစားက ၅.၄၅ လက်မ HD+ (720x 1440px) ရုပ်ထွက်အရည်အသွေးနဲ့ 18:9 aspect ratio ကိုအသုံးပြုထားပါတယ်။ မျက်နှာပြင်ဘေးဘက်မှာ ကောက်ကွေးတဲ့စတိုင်လ်ကို အသုံးပြုထားပါတယ်။
Redmi 7A ရဲ့ memory ကတော့ 2GB နဲ့ storage 16GB ကိုတွဲဖက်ပေးထားပါတယ်။ ဒါပေမဲ့ 3GB/32GB မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါတယ်။ Redmi 7A မှာ microSD ကတစ်ဆင့် storage ကို 256GB အထိ တိုးချဲ့နိုင်ပါတယ်။

ကင်မရာပိုင်းမှာလည်း ကျောဘက်မှာ PDAF နဲ့ LED flash တို့နဲ့အတူ 13MP ပါဝင်လာပါတယ်။ ရှေ့ကင်မရာမှာတော့ 5MP ပါဝင်တယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 4,000mAh ဖြစ်ပြီး Snapdragon 439 ကြောင့် စွမ်းအင်သုံးစွဲမှု နည်းပါးပါတယ်။ ဒါကြောင့် ဘက်ထရီသက်တမ်း တာရှည်ခံပါတယ်။ Redmi 7A မှာ Android 9.0 အသုံးပြုထားပါတယ်။
အားသာချက်တစ်ခုကတော့ Redmi 7A မှာ 3.5mmm နားကြပ်ပေါက်ပါဝင်ပြီး P2i ရေစိုခံခွင့်ပြုချက် ရရှိထားတဲ့ ထုတ်ကုန်လည်းဖြစ်ပါတယ်။ Motorola ထုတ်ကုန်အများဆုံးလိုပဲ ရေစိုဒဏ်ခံနိုင်အောင် နာနိုကို အပေါ်ကလောင်းထားပါတယ်။

Redmi 7A ထုတ်ကုန်ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်ရက်ကိုတော့ မေလ ၂၈ ရက်နေ့့ Redmi K20 မိတ်ဆက်စဉ်မှာ ကြေညာမယ်လို့ သိရပါတယ်။ Redmi 7A ကို အနက်နဲ့ အပြာဆိုပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena