Snapchat ကုိစိန္ေခၚလိုက္တဲ့ Instagram ရဲ႕ Threads

[ Zawgyi ]

Facebook ဟာ Instagram နဲ႔တြဲဖက္အသုံးျပဳႏိုင္မယ့္ သုံးစြဲသူေတြနဲ႔ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြအၾကား ပုိမုိရင္းႏွီးမႈရေစမယ့္ အရာေတြ ေဝမွ်ႏိုင္ဖို႔ Threads အမည္ရ app ကုိဖန္တီးေနပါတယ္။ Threads ဟာ သူငယ္ခ်င္းေတြနဲ႔ တည္ေနရာ၊ အင္တာနက္ျမန္ႏႈန္းနဲ႔ ဘက္ထရီပမာဏကို အလိုအေလ်ာက္ ေဝမွ်ေပးၿပီး စာသား၊ ဓာတ္ပုံနဲ႔ ဗီဒီယို message ေတြကုိ Instagram ရဲ႕ tool ေတြနဲ႔ သုံးစြဲႏိုင္ပါတယ္။ Instagram ေပၚက close friends စာရင္းနဲ႔အတူ ေဝမွ်ႏိုင္ေအာင္ ျပဳလုပ္ထားၿပီး Facebook အတြင္းမွာ စမ္းသပ္ေနတယ္လို႔ သိရပါတယ္။

ေမလမွာ Instagram ကသီးသန္႔ app Direct ကုိ ဆက္လက္လုပ္ကုိင္မႈကုိ ရပ္တန္႔လိုက္ပါတယ္။ အေစာပုိင္း beta စမ္းသပ္သူတြက Instagram နဲ႔ ဒုတိေျမာက္ app အၾကား ေျပာင္းလဲသုံးစြဲမႈကုိ စိတ္ပ်က္ခဲ့ၾကတယ္လို႔ အမႈေဆာင္ေတြက ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ကုမၸဏီအေနနဲ႔ messaging app အသစ္ကုိ တည္ေဆာက္ဖို႔ ဆက္လက္စိတ္ဝင္စားတယ္လို႔ ေျပာခဲ့ၾကပါတယ္။ Messaging app လုပ္ခဲ့တဲ့ Instagram ဝန္ထမ္းေတြကလည္း ဒီႏွစ္အေစာပုိင္းမွာ Facebook Messenger အဖြဲ႕ထဲ ေရႊ႕ေျပာင္းခဲ့ၾကပါတယ္။ ကုမၸဏီ ၂ ခု အၾကားက က်စ္လ်စ္ေစမယ့္ ေပါင္းစည္းမႈျဖစ္လာပါတယ္။

အရင္းႏွီးဆုံး သူငယ္ခ်င္းေတြအၾကား အသုံးျပဳႏိုင္မယ့္ messaging app တည္ေဆာက္မႈက ေရပန္းစား လာႏိုင္ပါတယ္။ Snapchat ကလည္း သုံးစြဲသူတခ်ိဳ႕အတြက္ အလားတူ feature ေတြျပဳလုပ္ေပးထားပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ Snapchat သုံးစြဲသူေတြက Instagram သုံးစြဲသူေတြထက္ app ထဲမွာ အခ်ိန္ကုိ ပုိမုိ အသုံးခ်ၾကပါတယ္။ Facebook နဲ႔ Instagram က Snapchat ရဲ႕လူငယ္သုံးစြဲသူေတြကုိ အလိုရွိေနပါတယ္။ Threads အေနနဲ႔ အဲဒီေဈးကြက္ကုိ ျဖည့္ဆည္းေပးလာႏိုင္ပါတယ္။

[ Unicode ]

Facebook ဟာ Instagram နဲ့တွဲဖက်အသုံးပြုနိုင်မယ့် သုံးစွဲသူတွေနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေအကြား ပိုမိုရင်းနှီးမှုရစေမယ့် အရာတွေ ဝေမျှနိုင်ဖို့ Threads အမည်ရ app ကိုဖန်တီးနေပါတယ်။ Threads ဟာ သူငယ်ချင်းတွေနဲ့ တည်နေရာ၊ အင်တာနက်မြန်နှုန်းနဲ့ ဘက်ထရီပမာဏကို အလိုအလျောက် ဝေမျှပေးပြီး စာသား၊ ဓာတ်ပုံနဲ့ ဗီဒီယို message တွေကို Instagram ရဲ့ tool တွေနဲ့ သုံးစွဲနိုင်ပါတယ်။ Instagram ပေါ်က close friends စာရင်းနဲ့အတူ ဝေမျှနိုင်အောင် ပြုလုပ်ထားပြီး Facebook အတွင်းမှာ စမ်းသပ်နေတယ်လို့ သိရပါတယ်။

မေလမှာ Instagram ကသီးသန့် app Direct ကို ဆက်လက်လုပ်ကိုင်မှုကို ရပ်တန့်လိုက်ပါတယ်။ အစောပိုင်း beta စမ်းသပ်သူတွက Instagram နဲ့ ဒုတိမြောက် app အကြား ပြောင်းလဲသုံးစွဲမှုကို စိတ်ပျက်ခဲ့ကြတယ်လို့ အမှုဆောင်တွေက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအနေနဲ့ messaging app အသစ်ကို တည်ဆောက်ဖို့ ဆက်လက်စိတ်ဝင်စားတယ်လို့ ပြောခဲ့ကြပါတယ်။ Messaging app လုပ်ခဲ့တဲ့ Instagram ဝန်ထမ်းတွေကလည်း ဒီနှစ်အစောပိုင်းမှာ Facebook Messenger အဖွဲ့ထဲ ရွှေ့ပြောင်းခဲ့ကြပါတယ်။ ကုမ္ပဏီ ၂ ခု အကြားက ကျစ်လျစ်စေမယ့် ပေါင်းစည်းမှုဖြစ်လာပါတယ်။

အရင်းနှီးဆုံး သူငယ်ချင်းတွေအကြား အသုံးပြုနိုင်မယ့် messaging app တည်ဆောက်မှုက ရေပန်းစား လာနိုင်ပါတယ်။ Snapchat ကလည်း သုံးစွဲသူတချို့အတွက် အလားတူ feature တွေပြုလုပ်ပေးထားပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ Snapchat သုံးစွဲသူတွေက Instagram သုံးစွဲသူတွေထက် app ထဲမှာ အချိန်ကို ပိုမို အသုံးချကြပါတယ်။ Facebook နဲ့ Instagram က Snapchat ရဲ့လူငယ်သုံးစွဲသူတွေကို အလိုရှိနေပါတယ်။ Threads အနေနဲ့ အဲဒီဈေးကွက်ကို ဖြည့်ဆည်းပေးလာနိုင်ပါတယ်။