SMVTI သက်မွေးပညာသင်တန်းကျောင်း (ရန်ကုန်) မှ သင်တန်းသားအသစ်ခေါ်ယူ

SMVTI Vocational Training Institute မှ Engineering & Technology နဲ့ Hospitality & Tourism ဘာသာရပ်တွေ အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေပါတယ်။

သင်တန်းကို မေ ၄ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် (၁၆) နှစ်နဲ့ အထက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားနိုင်ပါတယ်။ သင်တန်းကာလ ၆ လ တက်ရောက်ရမှာဖြစ်ပြီး သင်ကြားရမယ့်ဘာသာရပ်တွေကတော့ Hospitality & Tourism မှာ Front Office Operations, Housekeeping Operations, Restaurant Operations, Retail Operations ဖြစ်ပြီး Engineering & Technology မှာ Electrical Technology, Electronic , Residential Air-Conditioning, Building Fixtures & Equipment, Mechatronices (Basic Servicing), General Welding တွေကို သင်ကြားရမှာဖြစ်ပါတယ်။

လျှောက်ထားသူတွေဟာ လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကျောင်းသား၏မှတ်ပုံတင်မိတ္တူတို့အား ပူးတွဲလျှောက်ထားရပါမယ်။ လျှောက်ထားတဲ့အချိန်မှာ စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်း၊ ကျောင်းသားရဲ့ မှတ်ပုံတင်မူရင်းတို့ကို တစ်ပါတည်းတင်ပြရမှာပါ။ လျှောက်ထားသူတွေဟာ အင်တာဗျူးဖြေဆိုရမှာဖြစ်ပြီး Hospitality & Tourism ဘာသာရပ် လျှောက်ထားသူတွေအနေနဲ့ကတော့ ပတ်စ်ပို့စ် ဓာတ်ပုံ ၁ ပုံ ယူဆောင်လာရမှာ ဖြစ်ပါတယ်။

သင်တန်းလျှောက်လွှာတွေကို ဖေဖော်ဝါရီ ၃ ရက်မှ ၁၄ ရက်အထိ၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်ကို SMVTI သက်မွေးပညာသင်တန်းကျောင်းအမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ဖုန်း – ၀၉-၇၈၁၀၀၂၅၇၂ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ