SMVTI သက္ေမြးပညာသင္တန္းေက်ာင္းမွ သင္တန္းသားအသစ္ေခၚယူ

[ Zawgyi ]

SMVTI Vocational Training Institute မွ Engineering & Technology နဲ႔ Hospitality & Tourism ဘာသာရပ္ေတြအတြက္ သင္တန္းသားသစ္မ်ားေခၚယူေနပါတယ္။

သင္တန္းကို ၂၀၁၈ ခုႏွစ္၊ ႏုိ၀င္ဘာလ ၅ ရက္ မွစတင္ဖြင့္လွစ္မွာျဖစ္ၿပီး တကၠသိုလ္၀င္တန္းေအာင္ျမင္ၿပီး အသက္ (၁၆) ႏွစ္နဲ႔အထက္ရိွတဲ့ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေလွ်ာက္ထားႏိုင္ပါတယ္။

သင္တန္းကာလ ၆ လ တက္ေရာက္ရမွာျဖစ္ၿပီး သင္ၾကားရမယ့္ဘာသာရပ္ေတြကေတာ့ Hospitality & Tourism မွာ Front Office Operations, Housekeeping Operations, Restaurant Operations, Retail Operations ျဖစ္ၿပီး Engineering & Technology တြင္ Electrical Technology, Electronic (Computer Networking), Residential Air-Conditioning, Building Fixtures & Equipment, Mechatronices (Basic Servicing), General Welding ေတြကုိ သင္ၾကားရမွာျဖစ္ပါတယ္။

ေလွ်ာက္ထားသူေတြဟာ ေလွ်ာက္လႊာနဲ႔အတူ တကၠသိုလ္၀င္စာေမးပြဲေအာင္ျမင္ေၾကာင္း ေအာင္လက္မွတ္မိတၱဴ၊ အမွတ္စာရင္းမိတၱဴ၊ ေက်ာင္းသားရဲ႕မွတ္ပံုတင္မိတၱဴတို႔နဲ႔ ပူးတြဲ ေလွ်ာက္ထားရပါမယ္။

ေလွ်ာက္ထားခ်ိန္မွာ စာေမးပြဲေအာင္ျမင္ေၾကာင္း ေအာင္လက္မွတ္မူရင္း၊ အမွတ္စာရင္းမူရင္း၊ ေက်ာင္းသားရဲ႕ မွတ္ပံုတင္မူရင္းတို႔ကို တစ္ပါတည္းတင္ျပရမွာျဖစ္ၿပီး မွတ္ပံုတင္မရွိပါက (၃) လအတြင္းျပဳလုပ္ထားတဲ့ ရပ္ကြက္၊ ရဲစခန္းေထာက္ခံစာမူရင္းနဲ႔တကြ ပူးတြဲေလွ်ာက္ထားႏိုင္ပါတယ္။

ေလွ်ာက္ထားလုိသူေတြဟာ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၆ ရက္ မွ ၁၇ ရက္ အထိ နံနက္ ၉ နာရီမွ ညေန ၄ နာရီအတြင္း ေလွ်ာက္ထား ရမွာပါ။ အေသးစိတ္ကို SMVTI သက္ေမြးပညာသင္တန္းေက်ာင္းအမွတ ္(၁၂၃)၊ နတ္ေမာက္လမ္း၊ ဗဟန္းၿမိဳ႕နယ္၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဖုန္း – ၀၉-၇၈၁၀၀၂၅၇၂ (General Office) ကုိ ဆက္သြယ္ စံုစမ္းႏိုင္မွာျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

SMVTI Vocational Training Institute မှ Engineering & Technology နဲ့ Hospitality & Tourism ဘာသာရပ်တွေအတွက် သင်တန်းသားသစ်များခေါ်ယူနေပါတယ်။

သင်တန်းကို ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလ ၅ ရက် မှစတင်ဖွင့်လှစ်မှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် (၁၆) နှစ်နဲ့အထက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါတယ်။

သင်တန်းကာလ ၆ လ တက်ရောက်ရမှာဖြစ်ပြီး သင်ကြားရမယ့်ဘာသာရပ်တွေကတော့ Hospitality & Tourism မှာ Front Office Operations, Housekeeping Operations, Restaurant Operations, Retail Operations ဖြစ်ပြီး Engineering & Technology တွင် Electrical Technology, Electronic (Computer Networking), Residential Air-Conditioning, Building Fixtures & Equipment, Mechatronices (Basic Servicing), General Welding တွေကို သင်ကြားရမှာဖြစ်ပါတယ်။

လျှောက်ထားသူတွေဟာ လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကျောင်းသားရဲ့မှတ်ပုံတင်မိတ္တူတို့နဲ့ ပူးတွဲ လျှောက်ထားရပါမယ်။

လျှောက်ထားချိန်မှာ စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်း၊ ကျောင်းသားရဲ့ မှတ်ပုံတင်မူရင်းတို့ကို တစ်ပါတည်းတင်ပြရမှာဖြစ်ပြီး မှတ်ပုံတင်မရှိပါက (၃) လအတွင်းပြုလုပ်ထားတဲ့ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာမူရင်းနဲ့တကွ ပူးတွဲလျှောက်ထားနိုင်ပါတယ်။

လျှောက်ထားလိုသူတွေဟာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၆ ရက် မှ ၁၇ ရက် အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း လျှောက်ထား ရမှာပါ။ အသေးစိတ်ကို SMVTI သက်မွေးပညာသင်တန်းကျောင်းအမှတ ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဖုန်း – ၀၉-၇၈၁၀၀၂၅၇၂ (General Office) ကို ဆက်သွယ် စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ