SMS ေပးပို႔ျခင္းျဖင့္ ေငြလွဴဒါန္းႏိုင္ရန္ Mytel ျပဳလုပ္

[ Zawgyi ]

စာတိုေပးပို႔ျခင္းကေနတစ္ဆင့္ ေငြလွဴဒါန္းႏိုင္ဖို႔ Mytel ကျပဳလုပ္လိုက္ပါတယ္။

SMS ေပးပို႔ျခင္းမွတစ္ဆင့္ ေရေဘးသင့္ျပည္သူေတြနဲ႔ မိသားစုေတြကို ပံ့ပိုးကူညီေပးႏိုင္ဖို႔ေဆာင္ရြက္ လိုက္တာျဖစ္ေၾကာင္း၊ Mytel သံုးစြဲသူေတြအေနနဲ႔ 111 သို႔ DON လို႔ စာတိုတစ္ေစာင္ေပးပို႔ရင္ ၅၀၀ က်ပ္ လွဴဒါန္းႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ စာတိုေပးပို႔ၿပီးတာနဲ႔ ပါ၀င္လွဴဒါန္းျခင္းကို လက္ခံရရွိေၾကာင္း အသိေပးတဲ့ message ကို ျပန္လည္ရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။

လွဴဒါန္းေငြကို ဖုန္းဘီလ္ထဲကေန ျဖတ္ေတာက္သြားမွာ ျဖစ္ပါတယ္။ SMS နဲ႔လွဴဒါန္းျခင္းကို ႏွစ္ပတ္အတြင္း အကန္႔အသတ္မရွိ လုပ္ေဆာင္ႏိုင္မွာျဖစ္ၿပီး SMS ကိုအခမဲ့ေပးပို႔ႏိုင္မယ္လို႔ သိရပါတယ္။ “ေရေဘးသင့္ဒဏ္ခံေနတဲ့ ေဒသေတြမွာ Mytel ကြန္ရက္ေတြကို အဆင္ေျပစြာ အသံုးျပဳႏိုင္ဖို႔ တစ္ဦးနဲ႔တစ္ဦး ဆက္သြယ္မႈေတြ မျပတ္ေတာက္ဘဲ ခ်ိတ္ဆက္ႏိုင္ဖို႔ နည္းပညာပိုင္းဆိုင္ရာ အဖြဲ႔ေတြနဲ႔ အနီးကပ္ေျပာဆို လုပ္ကိုင္ေဆာင္ရြက္ ေနပါတယ္” လို Mytel ရဲ႕ ျပင္ပဆက္သြယ္ေရး အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက ေျပာပါတယ္။

-ထြန္းထြန္း

[ Unicode ]

စာတိုပေးပို့ခြင်းကနေတစ်ဆင့် ငွေလှူဒါန်းနိုင်ဖို့ Mytel ကပြုလုပ်လိုက်ပါတယ်။

SMS ပေးပို့ခြင်းမှတစ်ဆင့် ရေဘေးသင့်ပြည်သူတွေနဲ့ မိသားစုတွေကို ပံ့ပိုးကူညီပေးနိုင်ဖို့ဆောင်ရွက် လိုက်တာဖြစ်ကြောင်း၊ Mytel သုံးစွဲသူတွေအနေနဲ့ 111 သို့ DON လို့ စာတိုတစ်စောင်ပေးပို့ရင် ၅၀၀ ကျပ် လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ စာတိုပေးပို့ပြီးတာနဲ့ ပါ၀င်လှူဒါန်းခြင်းကို လက်ခံရရှိကြောင်း အသိပေးတဲ့ message ကို ပြန်လည်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

လှူဒါန်းငွေကို ဖုန်းဘီလ်ထဲကနေ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။ SMS နဲ့လှူဒါန်းခြင်းကို နှစ်ပတ်အတွင်း အကန့်အသတ်မရှိ လုပ်ဆောင်နိုင်မှာဖြစ်ပြီး SMS ကိုအခမဲ့ပေးပို့နိုင်မယ်လို့ သိရပါတယ်။ “ရေဘေးသင့်ဒဏ်ခံနေတဲ့ ဒေသတွေမှာ Mytel ကွန်ရက်တွေကို အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှုတွေ မပြတ်တောက်ဘဲ ချိတ်ဆက်နိုင်ဖို့ နည်းပညာပိုင်းဆိုင်ရာ အဖွဲ့တွေနဲ့ အနီးကပ်ပြောဆို လုပ်ကိုင်ဆောင်ရွက် နေပါတယ်” လို Mytel ရဲ့ ပြင်ပဆက်သွယ်ရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။