SMS တွေကို ကာကွယ်ပေးမယ့် Google feature အသစ်

Google ဟာ သုံးစွဲသူတွေကို အန္တရာယ်ရှိ SMS-bot တွေ ဒါမှမဟုတ် spam တွေကနေ ကာကွယ်ပေးနိုင်မယ့် feature အသစ် ၂ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

စမတ်ဖုန်းတွေမှာ နံပါတ်မသိရတဲ့ ဖုန်းတွေကနေ တစ်ကြိမ်သာ အသုံးပြုနိုင်မယ့် passcod တွေကို ရရှိလေ့ရှိပါတယ်။ တခြားအချိန်တွေ SMS message အတုတွေကနေ အန္တရာယ်ရှိလင့်တွေ ပါဝင်လာတတ်ပါတယ်။ ဒါကြောင့် Google က SMS ကိုစစ်ဆေးပေးမယ့် ‘Verified SMS’ ကိုထည့်သွင်းခဲ့ပါတယ်။ အဲဒီ feature က chat window အတွင်း ကုမ္ပဏီအမည်နဲ့ လိုဂိုစစ်ဆေး ပြသပေးပါမယ်။

Verified SMS လုပ်ဆောင်ချက်ကို အမေရိကန်၊ အိန္ဒိယ၊ မက္ကဆီကို၊ ဘရာဇီး၊ ယူကေ၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ စပိန်နဲ့ ကနေဒါ အပြင် နို်ငငံများစွာ အတွက် ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

အခြား feature တစ်ခုကတော့ သံသယရှိတဲ့ spam message သုံးစွဲသူတွေကို သတိပေးပြီး မလုံခြုံတဲ့ဝက်ဘ်ဆိုက်ကို ရည်ညွှန်းတဲ့ လင့်ခ်ကို ခြေရာခံပေးမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေက spam text message ကိုသတင်းပို့နိုင်ပြီး message ပေးပို့တဲ့ ရင်းမြစ်ကို ပိတ်ပင်ပေးနိုင်ပါတယ်။

စိုးထက်
Ref: GSMArena