SmartNews အမည္ရ သတင္း app တန္ေၾကး ေဒၚလာ ၁.၁ဘီလ်ံရွိလာ

[Zawgyi]

AI ေထာက္ပံ့မႈအသုံးျပဳထားတဲ့ သတင္း app ျဖစ္တဲ့ SmartNews ဟာ ေဒၚလာ ၁ ဘီလ်ံတန္ဖိုးရွိတဲ့ startup ကုမၸဏီတစ္ခု ျဖစ္လာပါတယ္။

Japan Post Capital က Series E ကုိဦးေဆာင္ၿပီး SmartNews ရဲ႕စုစုေပါင္းရင္းႏွီးျမွဳပ္ႏွံေငြ ေဒၚလာ ၁၁၆ သန္းကုိ ေဒၚလာ ၁.၁ ဘီလ်ံ ျဖစ္လာေအာင္ ဖိအားေပးေဆာင္ရြက္ခဲ့ပါတယ္။ SmartNews မွာ ရင္းႏွီးျမႇဳပ္ႏွံသူေတြထဲမွာ ဂ်ပန္ဖြံ႕ၿဖိဳးေရးဘဏ္၊ SMBC Venture Captial နဲ႔ Japan Co-Invest L.P တို႔လည္း ဆက္လက္ပါဝင္ပါတယ္။

SmartNews ကုိ ၂၀၁၂ ခုႏွစ္အတြင္း တိုက်ိဳမွာ တည္ေထာင္ခဲ့ၿပီး အေမရိကန္နဲ႔ ဂ်ပန္အတြင္း လစဥ္အသုံးျပဳသူ သန္း ၂၀ ရွိပါတယ္။ တစ္ႏွစ္ကုိ ၅၀၀ ရာခုိင္ႏႈန္းနဲ႔ ႀကီးထြားတိုးတက္လာၿပီး SmartNews ပရိသတ္ေတြက ႏိုင္ငံေရး၊ အားကစား၊ ကမၻာလုံးဆိုင္ရာနဲ႔ ေဖ်ာ္ေျဖေရးသတင္းေတြအတြက္ app ကုိ တစ္ဦးခ်င္းစာဖတ္သူ စိတ္ႀကိဳက္ပုံစံနဲ႔ ဖတ္႐ႈေနၾကပါတယ္။ SmartNews အေနနဲ႔ ေငြေၾကးရွာေဖြဖို႔ inline ေၾကာ္ျငာကို ေရာင္းခ်ၿပီး ဗီဒီယိုေၾကာ္ျငာေတြနဲ႔ “SmartViews” နဲ႔ယွဥ္ၿပိဳင္ၿပီး ေၾကာ္ျငာေရာင္းခ်ဖို႔ ထုတ္ေဝသူေတြနဲ႔လည္း သေဘာတူညီထားပါတယ္။
SmartNews နဲ႔႔ပူးေပါင္းထားတဲ့ စီးပြားဖက္ေတြထဲမွာ The Associated Press နဲ႔ Bloomberg အပါအဝင္ အေမရိကန္ထုတ္ေဝေရးစီးပြားဖက္ ၄၀၀ နီးပါး ပါဝင္လာပါတယ္။

စိုးထက္
Ref: TechCrunch

[Unicode]

AI ထောက်ပံ့မှုအသုံးပြုထားတဲ့ သတင်း app ဖြစ်တဲ့ SmartNews ဟာ ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိတဲ့ startup ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။
Japan Post Capital က Series E ကိုဦးဆောင်ပြီး SmartNews ရဲ့စုစုပေါင်းရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၁၁၆ သန်းကို ဒေါ်လာ ၁.၁ ဘီလျံ ဖြစ်လာအောင် ဖိအားပေးဆောင်ရွက်ခဲ့ပါတယ်။

SmartNews မှာ ရင်းနှီးမြှုပ်နှံသူတွေထဲမှာ ဂျပန်ဖွံ့ဖြိုးရေးဘဏ်၊ SMBC Venture Captial နဲ့ Japan Co-Invest L.P တို့လည်း ဆက်လက်ပါဝင်ပါတယ်။
SmartNews ကို ၂၀၁၂ ခုနှစ်အတွင်း တိုကျိုမှာ တည်ထောင်ခဲ့ပြီး အမေရိကန်နဲ့ ဂျပန်အတွင်း လစဉ်အသုံးပြုသူ သန်း ၂၀ ရှိပါတယ်။ တစ်နှစ်ကို ၅၀၀ ရာခိုင်နှုန်းနဲ့ ကြီးထွားတိုးတက်လာပြီး SmartNews ပရိသတ်တွေက နိုင်ငံရေး၊ အားကစား၊ ကမ္ဘာလုံးဆိုင်ရာနဲ့ ဖျော်ဖြေရေးသတင်းတွေအတွက် app ကို တစ်ဦးချင်းစာဖတ်သူ စိတ်ကြိုက်ပုံစံနဲ့ ဖတ်ရှုနေကြပါတယ်။ SmartNews အနေနဲ့ ငွေကြေးရှာဖွေဖို့ inline ကြော်ငြာကို ရောင်းချပြီး ဗီဒီယိုကြော်ငြာတွေနဲ့ “SmartViews” နဲ့ယှဉ်ပြိုင်ပြီး ကြော်ငြာရောင်းချဖို့ ထုတ်ဝေသူတွေနဲ့လည်း သဘောတူညီထားပါတယ်။ SmartNews နဲ့့ပူးပေါင်းထားတဲ့ စီးပွားဖက်တွေထဲမှာ The Associated Press နဲ့ Bloomberg အပါအဝင် အမေရိကန်ထုတ်ဝေရေးစီးပွားဖက် ၄၀၀ နီးပါး ပါဝင်လာပါတယ်။

စိုးထက်
Ref: TechCrunch