Smart Remax Portable Massage Gun

စွယ်စုံသုံးအနှိပ်စက် Smart Portable Massage Gun ပြဖြစ်ပါတယ်။ခန္ဓာကိုယ်အနှံ့ တိကျစွာ နှိပ်နယ်ဖို့အတွက် Gun Head ၄ မျိုး ပြောင်းလဲအသုံးပြုနိုင်ပြီး စွမ်းအားကောင်းမွန်တဲ့ 30W မော်တာက ခန္ဓာကိုယ်ရှိ
ကြွက်သားများကို ထိရောက်စွာ နှိပ်နယ်ပေးမှာ ဖြစ်ပါတယ်။

အသုံးပြုနေစဉ် တုန်ခါမှုနှုန်း 1700ကနေ 3800 RPM မိမိစိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်မှာပါ။ စွမ်းဆောင်ရည်မြင့် 2200mAh Battery ထောက်ပံ့ပေးထားတဲ့အတွက် ၁၁ နာရီခန့် ဆက်တိုက် အသုံးခံတဲ့အပြင် လုပ်ဆောင်ချက်အားလုံးက ခလုတ်တစ်ခုထဲဖြစ်လို့ ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။

Type-C အားသွင်းကြိုး ဖြစ်လို့ Powerbank နဲ့ အလွယ်တကူ ပြန်လည်အားသွင်းနိုင်မှာ ဖြစ်သလို အလေးချိန်ကလည်း 495g သာလေးလို့ ခရီးဆောင်ပါ အသုံးပြုနိုင်မှာပါ။

တန်ဖိုးက ၈၅၀၀၀ ကျပ်ဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ REMAX Brand Shop နဲ့အရောင်းကောင်တာ‌တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««