Smart Phone တွေနဲ့ Chroma Video တွေကို ဖန်တီးတဲ့ နည်းလမ်း

Android ဖုန်းတွေနဲ့ Chroma ဗီဒီယိုတွေကို နောက်ခံတွေ ဘယ် လိုပြောင်းလဲအသုံးပြုသလဲဆိုတဲ့ နည်းလမ်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Chroma ဗီဒီယိုတွေကို နောက်ခံပြောင်းလဲဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုမှာပါ။

Android အသုံးပြုမယ့်ဆော့ဖ်ဝဲကတော့ KineMaster – Pro Video Editor ဆိုတဲ့ ဆော့ဖ်ဝဲဖြစ်ပြီးတော့ iOS အတွက်ဆိုရင် အသုံးပြုမယ့် App ကတော့ Veescope Live ဆိုတဲ့ App ပါ။ ဒီ App ကို Apple App Stores ပေါ်မှာ အခမဲ့ယူပြီး အသုံးပြုလို့ ရပါတယ်။
Andriod ဆော့ဖ်ဝဲကိုတော့ Play Store ပေါ်မှာ ယူလို့ အဆင်မပြေ ပါဘူး။ ဘာကြောင့်လဲဆိုတော့ Country Support မလုပ်တဲ့ အတွက် ကြောင့်ပါ။ ဆော့ဖ်ဝဲကို Download လုပ်ချင်တယ်ဆိုရင်တော့ goo.gl/VX1nG1 ဖော်ပြထားတဲ့ လင့်ကနေ Download လုပ်လို့ရပါတယ်။

(၁) Chroma Video တစ်ခုကို လက်တွေ့ ဖန်တီးကြည့်ကြပါမယ်။ ဦးစွာ App ကိုဖွင့်လိုက်ပြီး အပေါင်းလက္ခဏာ သင်္ကေတကို နှိပ်လိုက်ပါ။ Empty Project ကို ရွေးချယ်လိုက်ပါ။ ညာဘက်ဘေးနားက အဝိုင်းပုံထဲက Media Browser ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်အသုံးပြုချင်တဲ့ နောက်ခံ Background ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ နောက်ခံရွေး ချယ်ပြီးရင် အမှန်ခြစ်လေးကို နှိပ်လိုက်ပါ။ ပေါ်လာတဲ့မြင်ကွင်းမှာ Video Editing ပုံစံနဲ့ မြင်တွေ့ရ ပါလိမ့်မယ်။

(၂) အောက်ဘက် ဘားတန်းထဲက နောက်ခံ Background Layer ကို လက်နဲ့ထောက်လိုက်ပါ။ ဒါဆိုရင် Box တစ်ခုပေါ်လာ ပါလိမ့်မယ်။ Background Layer ပေါ်မှာ လက်နဲ့ဖိပြီးတော့ ကိုယ်လိုချင်တဲ့ Video ဖရိန်အတိုင်း ဆွဲဆန့်တာ၊ ချုံ့တာတွေ ပြုလုပ်နိုင်ပါတယ်။ ပြီးရင် အမှန်ခြစ်ကိုနှိပ်လိုက်ပါ။

(၃) နောက်တစ်ဆင့်အနေနဲ့ စက်ဝိုင်းပုံထဲက Layer ဆိုတဲ့နေ ရာကိုနှိပ်လိုက်ပါ။ ပြီးရင် Layer ထဲက Media ဆိုတာကို ထပ်နှိပ်လိုက်ပါ။ နောက်ခံပြောင်းလဲမယ့် Chroma Video နောက်ခံ အစိမ်းဖိုင်ကို ရွေးချယ်
ပေးလိုက်ပါ။

ပြီးရင်တော့ Chroma Video ဖိုင်ကို ကိုယ်ပြုလုပ်ချင်တဲ့ အရွယ်အစား ချိန်တာ၊ နေရာရွှေ့တာတွေ ပြုလုပ်ပါ။ ပြီးရင် အမှန်ခြစ်ကိုနှိပ်လိုက်ပါ။

(၄) နောက်တစ်ဆင့်အနေနဲ့ နောက်ခံအစိမ်း Chroma Video ဖိုက်ကို လက်နဲ့ တစ်ချက်ထောက်လိုက်ပါ။ ဒါဆိုရင် Box တစ်ခုပေါ်
လာပါလိမ့်မယ်။ ပေါ်လာတဲ့ Box ထဲမှာ Chroma Key ဆိုတာကို ရွေးချယ်လိုက်ပါ။ ပြီးရင် Chroma Key ကို Enable လုပ်ပေးလိုက်ပါ။ Chroma Key ထဲမှာ နောက်ခံနဲ့ လူနဲ့ကို စိတ်ကြိုက်ချိန်ညှိပြီး ဖြတ်နိုင် ပါတယ်။ ပြီးရင်တော့ အမှန်ခြစ်လေးကိုနှိပ်လိုက်ပါ။

(၅) Chroma နဲ့ နောက်ခံ Background ကို ပြောင်းလဲထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရရှိပါလိမ့်မယ်။ စိတ်ကြိုက် ဖန်တီးမှုတွေပြီးပြီဆို ရင်တော့ ဘယ်ဘက်ဘေးနားမှာရှိတဲ့ Share သင်္ကေတကိုနှိပ်လိုက်ပါ။ အွန်လိုင်းပေါ်ကို တိုက်ရိုက် Share နိုင်ပါတယ်။ Export ထုတ်ချင်တယ်ဆိုရင်တော့ အစက်လေးသုံးစက်ပုံပါတဲ့ Menu သင်္ကေတကို နှိပ် လိုက်ပါ။

Export ထုတ်ချင်တဲ့ ဖိုင်ရဲ့ အမျိုးအစားနဲ့ Resolution ကို ရွေးချယ် ပေးလိုက်တာနဲ့ Export ပြုလုပ်ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ Chroma နဲ့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ရဲ့ နောက်ခံ Background ကို Android ဖုန်းထဲကနေ အလွယ်တကူပြောင်းလဲလို့ ရနိုင်ပါပြီ။

iPhone တွေမှာ Chroma နဲ့ Animation Gif ဖိုင်လေးတွေ လုပ်မယ်ဆိုရင် ဆော့ဖ်ဝဲကိုအသုံးပြုမှာပါ။ အသုံးပြုမယ့် App ကတော့ Veescope Live ဆိုတဲ့ App ပါ။ ဒီ App ကို Apple App Stores ပေါ်မှာ အခမဲ့ယူပြီး အသုံးပြုလို့ရပါတယ်။

(၁) App ကို ဖုန်းထဲကို ထည့်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Chroma Video တစ်ခုကို လက်တွေ့လုပ်ကြည့်ကြပါမယ်။ App ကိုဖွင့်လိုက်ရင် ကင်မရာပွင့်နေတာကို တွေ့ရပါလိမ့်မယ်။ အောက်ဘက်မှာ Setup, background, settings, help ဆိုပြီး ၄ ခုရှိပါတယ်။ ဗီဒီယိုရိုက်ကူးမယ့် နောက်ခံ Chroma အရောင်ကို ရွေးချယ်ဖို့အတွက် Setup ကိုနှိပ်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ ပြီးရင် Close ကိုနှိပ်ပါ။ နောက်ခံအရောင်ကို ရွေးချယ်နိုင်မယ့် Box တစ်ခုပေါ်လာပါလိမ့်မယ်။ Color ဆိုတဲ့ နေရာကို နှိပ်လိုက်ရင် ရိုက်ကူးမယ့် ဗီဒီယိုရဲ့ နောက်ခံအဖြစ်အသုံးပြုမယ့် Chroma အရောင်ကို ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အစိမ်းပဲ အသုံး
ပြုပါမယ်။ ပြီးရင် အမှားလက္ခဏာလေးကိုနှိပ်ပြီး ပိတ်လိုက်ပါ။

(၂) နောက်တစ်ဆင့်အနေနဲ့ Chroma အစိမ်းပေါ်မှာ ကိုယ်အ သုံးပြုမယ့် နောက်ခံ Background ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ နောက်ခံ Background ကိုရွေးချယ်ဖို့အတွက် Background ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ။ ပြီးရင် Select ဆိုတဲ့ အပေါင်းက္ခဏာ သင်္ကေတ လေးကို ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် အသုံးပြုချင်တဲ့ နောက်ခံ Background ဒီဇိုင်းတွေကို ရွေးချယ်နိုင်တဲ့ နေရာကိုရောက်ပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်အသုံးပြုချင်တဲ့ နောက်ခံ ဒီဇိုင်းတစ်ခုခုကို ရွေးချယ်လိုက်ပါ။ ပြီးရင် အပေါ်ထိပ်နားက ok ကိုနှိပ်လိုက်ပါ။ ပြီးရင် Close ကို ထိပ်နှိပ် လိုက်ပါ။ နောက်ခံရွေးချယ်တာတွေ ပြီးပြီဆိုရင်တော့ အမှားသင်္ကတ လေးကိုနှိပ်ပြီး ပိတ်လိုက်ပါ။ ပြီးရင်တော့ ကင်မရာကို နောက်ခံအစိမ်း ရောင်ပေါ်ကို ချိန်ကြည့်လိုက်ပါ။ ကိုယ်ရွေးချယ်ထားတဲ့ Background ဒီဇိုင်းကို မြင်တွေ့ရပါလိမ့်မယ်။

(၃) နောက်တစ်ဆင့်အနေနဲ့ အပေါ်ဘက်မှာသုံးရမယ့် စနစ် ၃ ခုရဲ့ အောက်ဆုံးက Mode နေရာမှာ ဓာတ်ပုံ၊ ဗီဒီယို၊ Animate အစရှိတဲ့ စနစ်တွေကို ရွေးချယ်နိုင်ပါတယ်။ ကင်မရာကို ရှေ့ကင်မရာနဲ့ နောက်ဘက်ကင်မရာလည်းတွေကို ပြောင်းလဲသုံးနိုင်ပါတယ်။ လုပ်ဆောင်ချက် တွေအားလုံး ပြီးရင်တော့ အနီရောင် Record ခလုတ်ကိုနှိပ်ပြီး စတင် ရိုက်ကူးနိုင်ပါပြီ။

ရိုက်ပြီးသားဗီဒီယိုကို App ပေါ်မှာ တစ်ခါတည်း မြင်ရပါတယ်။ ဗီဒီယိုကို နှိပ်လိုက်ပါ။ ပြီးရင် အပေါ်ထိပ်က မြားသင်္ကေတကိုနှိပ်ပါ။ အစက်သုံးစက်ပုံပါတဲ့ Menu ကိုနှိပ်ပါ။ ပြီးရင်တော့ Save to file ကို ဖွင့်ပေးလိုက်ပါ။ ပြီးရင် ဗီဒီယိုဖိုင်ကို အွန်လိုင်းကနေ တိုက်ရိုက် Share တာပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာသိမ်းတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

-စည်သူ