Smart Office ထုတ်ကုန်သစ်ကို Huawei မိတ်ဆက်

မျိုးဆက်သစ် IdeaHub စီးရီး ထုတ်ကုန်သစ်ကို Huawei ကနေ မိတ်ဆက်လိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့နဲ့ အထူးသဖြင့် social distancing ပြုလုပ်နေစဉ်ကာလအတွင်း အဝေးရောက် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

Huawei IdeaHub မှာ Cloud ခေတ်အတွင်း အခြေအနေတိုင်းအတွက် စမတ်ရုံးစနစ်ကို ဖော်ဆောင်နိုင်ရန် ဖန်တီးထားတဲ့ ကိရိယာသစ်တစ်ခု ဖြစ်ကြောင်း၊ အဆိုပါ ကိရိယာမှာ မိုဘိုင်းဖုန်းတွေနဲ့ PC ကွန်ပျူတာများ ကြား screen များ ချိတ်ဆက်ပြသနိုင်မှု၊ အပြန်အလှန် တုံ့ပြန်ချိတ်ဆက်နိုင်တဲ့ white-board၊ အဝေးရောက် ပူးပေါင်း ဆောင်ရွက်ခြင်းအပြင် FHD ဗီဒီယို အစည်းအဝေးခေါ်ဆိုမှုနဲ့ HD AppGallery စတဲ့ လုပ်ဆောင်ချက်များစွာ ပါဝင်ပါတယ်။Huawei IdeaHub ကို ရွေ့လျားနိုင်တဲ့ စင်ပေါ်တွင် တင်၍လည်းကောင်း၊ နံရံကပ်၍သော်လည်းကောင်း လုပ်ငန်းခွင် အစည်းအဝေးခန်းများ၊ ရုံးခန်းကျယ်များတွင်သာမက အိမ်ရုံးခန်းများ စသည်ဖြင့် ပတ်ဝန်းကျင်အမျိုးမျိုးတွင် အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Huawei IdeaHub တွင် ဉာဏ်ရည်မြင့် display ပြသမှုစနစ်၊ ဉာဏ်ရည်မြင့် လက်ရေးမှတ်သားနိုင်စွမ်း၊ acoustic baffle အသံစွမ်းဆောင်ရည်မြှင့်စနစ်နဲ့ စကားပြောဆိုသူကို မှတ်သားပြီး အသေးစိတ် အသံအရုပ် ဖမ်းယူပေးနိုင်တဲ့ speaker tracking စနစ်တွေပါဝင်ပါတယ်။ Huawei IdeaHub တွင် အစည်းအဝေး ဆောင်ရွက်မှုများအတွက် cloud အခြေခံစနစ်များ၊ ရုံးတွင်းစက်ကိရိယာအခြေခံ (on-premises) စနစ်များအပြင် AppGallery လည်း ပါရှိတယ်လို့ သိရပါတယ်။

-အောင်သူ