Smart City နှင့် အနာဂတ် ရန်ကုန်အကြောင်း ဆွေးနွေးပွဲကျင်းပမည်

Smart City နဲ့ အနာဂတ်ရန်ကုန်အကြောင်း ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီလ ၁၃ ရက်၊ နေ့လယ် ၂ နာရီမှာ MICT Park မှာ ကျင်းပမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျုတာလုပ်ငန်းရှင်အသင်းက ကျင်းပမှာဖြစ်ပြီး အဲဒီ ICT Talk မှာ Moderator အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

အများပြည်သူအနေနဲ့ အိုင်စီတီရဲ့အသုံးဝင်ပုံကို သိရှိစေဖို့၊ နိုင်ငံတိုးတက်ဖို့အတွက် အိုင်စီတီကို အသုံးပြုပြီး ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာကို သိရှိစေနိုင်မှာဖြစ်ကြောင်း၊ အိုင်စီတီဆိုင်ရာ Industry အတွင်းမှာ လိုအပ်နေတာကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက သိရှိနိုင်ပြီး ကူညီပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ Panelist တွေအဖြစ် Zwenexysys Int’l Ltd မှ ဒါရိုက်တာ ဦးသာထက်၊ KMD မှ ဒါရိုက်တာ ဦးဇော်လှိုင်ဘွား၊ Mya Nan Dar Construction Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးလင်း၊ Chief Technical Advisor (ITPM) ဒေါ်ခင်မြင့်ချိုနဲ့ U.M.S “Queen” မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ယဉ်နွယ်ချိုတို့က ဆွေးနွေးကြမယ်လို့ သိရပါတယ်။

-ထွန်းထွန်း