Slimbook Battery ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Slimbook Battery ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်းသုံးစွဲနိုင်မယ့် battery ဆော့ဖ်ဝဲ အမျိုးအစား တစ်ခုပဲဖြစ် ပါတယ်။ Battery သုံးစွဲမှု ပိုမို ကောင်းမွန်စေဖို့အတွက်ထည့် သွင်း သုံးစွဲနိုင်မယ့် ဆောဖ့်ဝဲတစ်ခု လည်း ဖြစ်ပါတယ်။

Ubuntu OS မှာ Slimbook Battery ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

Slimbook Battery ကို Ubuntu မှာထည့်သွင်းအသုံး ပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြု ရမယ့် command တွေကတော့

sudo add-apt-repository ppa:slimbook/slimbook
sudo apt update
sudo apt install slimbookbattery တွေပဲဖြစ်ပါတယ်။

ပြီးသွားရင် Software Update box တက်လာတဲ့အခါ Install ဆိုတာကိုနှိပ်ပြီး Slimbook Battery ကို ထည့်သွင်း နိုင်ပြီဖြစ်ပါတယ်။

ဖော်ပြပါအဆင့်ကို လုပ် ဆောင်ပြီးရင် သက်ဆိုင် ရာ package တွေကိုထည့်သွင်းမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့် ဆိုင်းပေးရပါမယ်။ Package တွေကို download လုပ်ယူပြီး ပြီဆိုရင် တစ်ခါတည်း ထည့်သွင်း ပေးသွားပါလိမ့်မယ်။

-သီဟ