Slack ကို Salesforce ဝယ်ယူ

Cloud လုပ်ငန်းလုပ်ကိုင်နေတဲ့ Salesforce ဟာ အလုပ်ခွင်အတွင်း စကားပြောဆိုတဲ့ ဝန်ဆောင်မှု Slack ကို ဝယ်ယူလိုက်တယ်။

အခု အရောင်းအဝယ်က ပြီးခဲ့တဲ့အပတ်က သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။ Software လုပ်ငန်းအတွင်း နောက်ဆက်တွဲ ဝယ်ယူမှုတွေထဲက တစ်ခုဖြစ်သလို Salesforce ရဲ့အကြီးမားဆုံး ဝယ်ယူမှု ဖြစ်ပါတယ်။ Salesforce က Slack အတွက် ဒေါ်လာ ၂၇.၇ ဘီလျံ ပေးခဲ့ရပါတယ်။

“သဘောတူညီချက်အရ Slack ရှယ်ယာပိုင်ဆိုင်သူတွေက ငွေသား ၂၆.၇၉ ဘီလျံ ရရှိပြီး Slack ဝေစုအတွက် Salesforce စတော့ရှယ်ယာ ၀.၀၇၇၆ ရရှိပါမယ်။ ၂၀၂၀၊ နိုဝင်ဘာ ၂၀ ရက်က Salesforce ရဲ့ သာမန်စတော့ရှယ်ယာ ပိတ်သိမ်းမှုက ဒေါ်လာ ၂၇.၇ ဘီလျံနီးပါး လုပ်ငန်းတန်ဖိုး ရှိလာပါတယ်” လို့ Salesforce ကထုတ်ပြန်ခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««