Skype version 8.0 ကို desktop အတြက္ Microsoft ျဖန္႔ခ်ိ

[ Zawgyi ]

Microsoft ဟာ Windows အတြက္ Skype app ဒီဇိုင္းကို ဇူလုိင္ ၁၇ ရက္ (ဒီေန႔) မွာ ထပ္မံေျပာင္းလဲလိုက္ပါတယ္။

အရင္က Windows 10 သံုးစြဲသူေတြအတြက္ universal app တစ္ခု ျဖန္႔ခ်ိေပးခဲ့တဲ့ ေဆာ့ဖ္ဝဲကုမၸဏီႀကီးဟာ ဒီေန႔မွာေတာ့ Skype mobile version နဲ႔တူညီတဲ့ ဒီဇိုင္းသစ္နဲ႔အတူ Skype classic desktop app ကို အဆင့္ျမွင့္တင္လိုက္တာ ျဖစ္ပါတယ္။ Microsoft အေနနဲ႔ အဆိုပါဒီဇိုင္းသစ္ကို ၿပီးခဲ့တဲ့ႏွစ္တစ္ေလွ်ာက္လံုး စမ္းသပ္ခဲ့ၿပီးတဲ့ေနာက္ စက္တင္ဘာ ၁ ရက္ကစၿပီး Skype classic desktop သံုးစြဲသူအားလံုး version 8.0 ကို မျဖစ္မေန upgrade လုပ္ရန္ တိုက္တြန္းဖို႔ စီစဥ္ထားပါတယ္။

Skype ရဲ႕ classic desktop app သစ္မွာ Windows 10 နဲ႔ မိုဘိုင္းဗားရွင္းေတြက feature အမ်ားအျပား ပါဝင္ပါတယ္။ Microsoft ဟာ ဖုန္းေခၚဆိုေနစဥ္အတြင္း ဓာတ္ပံုေတြေဝမွ်တာနဲ႔ screen ေဝမွ်တာကို အလြယ္တကူ ျပဳလုပ္ႏိုင္ေစမယ့္ group chat ေတြကို ျပင္ဆင္ခဲ့ပါတယ္။ @ mentions, message reactions, notification panel feature သစ္ေတြလည္း ပါဝင္လာပါတယ္။ ဒါ့အျပင္ စကားအျပန္အလွန္ ေျပာဆိုမႈတစ္ခုအတြင္း ေဝမွ်ထားတဲ့ link ေတြ၊ document ေတြနဲ႔ ဓာတ္ပံုေတြကို အလြယ္တကူရွာေဖြႏိုင္ေစမယ့္ gallery တစ္ခုလည္း ပါဝင္လာပါတယ္။

Microsoft ဟာ Skype classic အတြက္ ထပ္ေဆာင္း feature အခ်ိဳ႕ကို ေႏြရာသီအကုန္မွာ ထည့္သြင္းေပးသြားဖို႔ စီစဥ္ေနပါတယ္။ အဲ့ဒီအထဲမွာ end-to-end encrypt လုပ္ထားတဲ့ private conversation ေတြနဲ႔ call recording တို႔ပါဝင္တယ္လို႔ သိရပါတယ္။

Ref: TheVerge

[ Unicode ]

Microsoft ဟာ Windows အတွက် Skype app ဒီဇိုင်းကို ဇူလိုင် ၁၇ ရက် (ဒီနေ့) မှာ ထပ်မံပြောင်းလဲလိုက်ပါတယ်။

အရင်က Windows 10 သုံးစွဲသူတွေအတွက် universal app တစ်ခု ဖြန့်ချိပေးခဲ့တဲ့ ဆော့ဖ်ဝဲကုမ္ပဏီကြီးဟာ ဒီနေ့မှာတော့ Skype mobile version နဲ့တူညီတဲ့ ဒီဇိုင်းသစ်နဲ့အတူ Skype classic desktop app ကို အဆင့်မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ Microsoft အနေနဲ့ အဆိုပါဒီဇိုင်းသစ်ကို ပြီးခဲ့တဲ့နှစ်တစ်လျှောက်လုံး စမ်းသပ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၁ ရက်ကစပြီး Skype classic desktop သုံးစွဲသူအားလုံး version 8.0 ကို မဖြစ်မနေ upgrade လုပ်ရန် တိုက်တွန်းဖို့ စီစဉ်ထားပါတယ်။

Skype ရဲ့ classic desktop app သစ်မှာ Windows 10 နဲ့ မိုဘိုင်းဗားရှင်းတွေက feature အများအပြား ပါဝင်ပါတယ်။ Microsoft ဟာ ဖုန်းခေါ်ဆိုနေစဉ်အတွင်း ဓာတ်ပုံတွေဝေမျှတာနဲ့ screen ဝေမျှတာကို အလွယ်တကူ ပြုလုပ်နိုင်စေမယ့် group chat တွေကို ပြင်ဆင်ခဲ့ပါတယ်။ @ mentions, message reactions, notification panel feature သစ်တွေလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် စကားအပြန်အလှန် ပြောဆိုမှုတစ်ခုအတွင်း ဝေမျှထားတဲ့ link တွေ၊ document တွေနဲ့ ဓာတ်ပုံတွေကို အလွယ်တကူရှာဖွေနိုင်စေမယ့် gallery တစ်ခုလည်း ပါဝင်လာပါတယ်။

Microsoft ဟာ Skype classic အတွက် ထပ်ဆောင်း feature အချို့ကို နွေရာသီအကုန်မှာ ထည့်သွင်းပေးသွားဖို့ စီစဉ်နေပါတယ်။ အဲ့ဒီအထဲမှာ end-to-end encrypt လုပ်ထားတဲ့ private conversation တွေနဲ့ call recording တို့ပါဝင်တယ်လို့ သိရပါတယ်။

Ref: TheVerge