Sky Seeds for The Future အစီအစဉ်တွင်ပါဝင်သည့် ထူးချွန်ကျောင်းသားများထဲမှ အမှတ်အများဆုံး ၁၀ ဦးကို ဆုချီးမြှင့်ခဲ့

Huawei Myanmar ရဲ့ CSR အစီအစဉ်တစ်ခုဖြစ်တဲ့ Sky Seeds for The Future 2020 ရဲ့ ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ Sky Seeds for The Future 2020 အစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ ထူးချွန် ကျောင်းသား၊ ကျောင်းသူ (၃၈) ဦးကို ဂုဏ်ပြုချီးမြှောက်ခဲ့ပြီး အမှတ်အများဆုံး (၁၀) ဦးကို ရွေးချယ်ကာ ဆုချီးမြှင့်ခဲ့ပါတယ်။

ယခုနှစ်မှာ Sky Seeds for The Future အစီအစဉ်ရဲ့ သင်ကြားရေးကို အွန်လိုင်းပလက်ဖောင်းပေါ်မှတစ်ဆင့် ပြုလုပ်ခဲ့ရသော်လည်း မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်နဲ့ ပါမောက္ခချုပ်များ ကော်မတီတို့ရဲ့ ပံ့ပိုးမှုနဲ့အတူ စက်တင်ဘာ ၂၅ ရက်တွင် အွန်လိုင်းသင်တန်းကို အောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ သင်ကြားမှုအစီအစဉ်နဲ့ ပတ်သက်ပြီး ပါဝင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ 5G, AI, Huawei HMS Call နဲ့ Cloud Computing စတဲ့ အခြေခံဘာသာရပ် ၄ ခုကို သင်ယူကြရပြီး အဓိကဘာသာရပ် (၃) ခုဖြစ်တဲ့ 5G, AI, Clouding ဘာသာရပ်များအနက်မှ ၁ ဘာသာကို ရွေးချယ်သင်ယူခဲ့ကြကြောင်း၊ သင်ကြားရေးတွင် အပိုထပ်ဆောင်းလေ့လာမှုအနေနဲ့ Cyber Security, Digital Trade, Digital Economy, Strategic Leadership နဲ့ အခြားသော ခေါင်းစဉ် ၁၁ ခုကို လေ့လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှာ သုံးလေ့သုံးထရှိတဲ့ အတွေ့အကြုံတွေကို သိရှိနိုင်ဖို့အတွက် အောင်မြင်တဲ့ နိုင်ငံခြားလုပ်ငန်းရှင်တစ်ဦးနဲ့ တွေ့ဆုံမေးမြန်းနိုင်သော အစီအစဉ်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ သင်ကြားရေး ငါးရက်မြောက်နေ့တွင် Huawei Myanmar ရဲ့ ဝန်ထမ်းတွေက ကုမ္ပဏီလည်ပတ်ပုံ၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် မည်သို့ပံ့ပိုးပေးနေပုံ အစရှိတာတွေကို မျှဝေခဲ့ကြတယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««