
ကွန်ပျူတာအခြေခံသုံးတတ်သူတွေ အနေနဲ့ SketchUp Application အသုံးပြုပြီး ခေတ်မီတိကျလှပတဲ့ အဆောက်အဦဒီဇိုင်းများ၊ အိမ်အတွင်းအပြင် (Interior and Exterior) ဒီဇိုင်း အစရှိတဲ့ Building Design မျိုးစုံကို လျင်မြန်လွယ်ကူစွာ ဖန်တီးတတ်စေရန် အခမဲ့အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ KMD မှပြုလုပ်သွားမယ်လို့ သိရပါတယ်။
တက်ရောက်မယ့်သူတွေ အနေနဲ့ သင်ခန်းစာတွေ ကိုယ်တိုင်လက်တွေ့လိုက်လုပ်နိုင်ဖို့ ကွန်ပျူတာရှိရန် လိုအပ်ပြီး SketchUp 2018 Programming Software ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ Software ကို http://u.pc.cd/ufQ7 ကနေ download ရယူနိုင်ပါတယ်။ Workshop တက်ရောက်ရန်အတွက် http://bit.ly/3sQH1L2 ကနေ Register ပြုလုပ်ရမှာဖြစ်ပါတယ်။
အထူးအစီအစဥ်အနေနဲ့ ပွဲနေ့မှာ သင်တန်းအပ်နှံသူတွေဟာ သင်တန်းကြေး ၂၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အသေးစိတ်ထပ်မံ သိရှိလိုသူတွေအနေနဲ့ ဖုန်း-၀၉၂၆၂၆၀၀၄၅၀ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
-သန္တာ
»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««