SIM Online Open House ပညာရေးအခမဲ့ဆွေးနွေးပွဲ ပြုလုပ်မည်

SIM Online Open House ပညာရေးအခမဲ့ဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပညာသင်စရိတ်သက်သာတဲ့ ကမ္ဘာ့အဆင့်မီစင်ကာပူပညာရေးကစလို့ SIM ရဲ့ ဘာသာရပ်တွေ၊ ပညာသင်ဆုနဲ့ ကျောင်းသားဘဝ အပါအဝင် မြန်မာကျောင်းသားတွေ သိလိုတဲ့ အကြောင်းအရာတွေကို ဒီပွဲမှာ ပါဝင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

SIM Online Open House ပညာရေးအခမဲ့ဆွေးနွေးပွဲကို အင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပြီး ပါဝင်ဆွေးနွေးချင်တဲ့ ကျောင်းသား၊ မိဘများ အနေနဲ့ https://events.miceneurol.com/sim-open-house-sep20/myanmar မှာ ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««