SIM Global Education (SIM GE) မှ ဒီပလိုမာတန်းခွဲများအတွက် ၁၀၀ ရာခိုင်နှုန်းပညာသင်ဆုလျှောက်ထားနိုင်

SIM Global Education (SIM GE) မှ ဒီပလိုမာတန်းခွဲများအတွက် ၁၀၀ ရာခိုင်နှုန်းပညာသင်ဆု လျှောက်ထားနိုင်မယ်လို့ MSI မှသိရပါတယ်။

ဒီပလိုမာတန်းခွဲတွေဖြစ်တဲ့ Diploma in Accounting၊ Diploma in Banking and Finance, Diploma in International Business, Diploma in Management Studies နဲ့ (၁၂) လသာကြာမြင့်တဲ့ Diploma in Information Technology တို့ကို ဇူလိုင်နဲ့ အောက်တိုဘာလ ကျောင်းဖွင့်ချိန်တို့အတွက် MSI နိုင်ငံခြား ပညာရေးဝန်ဆောင်မှုတွင် စတင်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ SIM GE ရဲ့ ရာနှုန်းပြည့်ပညာသင်ဆုကိုရရှိနိုင်ဖို့ ပထမဦးစွာ ကျောင်းအပ်နှံရမှာဖြစ်ပါတယ်။ ကျောင်းအပ်ပြီးရင် Scholarship Application Form ဖြည့်သွင်းရမှာဖြစ်ပြီး အလယ်တန်းအဆင့်မှ အထက်တန်းအဆင့် အထိ ပညာသင်ကာလတစ်လျှောက် မှတ်တမ်းမှတ်ရာများ၊ ပညာရည်ထူးချွန်မှုနဲ့ ရရှိထားတဲ့ ဆုတံဆိပ်ဆိုင်ရာအထောက်အထားများ၊ လုပ်ငန်းပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုထောက်ခံစာများနဲ့ ပညာသင်ဆုစာတမ်း စတဲ့ အချက်အလက်များကို ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

SIM ၏ ရာနှုန်းပြည့်ပညာသင်ဆုတွင် ဘာသာရပ် သင်တန်းကြေးကင်းလွတ်ခွင့်၊ စာမေးပွဲကြေးပေးသွင်းရန်မလို၊ ပညာရေးဆိုင်ရာပေးဆောင်ရမည့် အခြားအခကြေးငွေတွေနဲ့ သင်ရိုးညွှန်းတမ်း၊ စာအုပ်စာတမ်းကြေး အခမဲ့တို့ကို ခံစားခွင့်ရရှိမှာ ဖြစ်သလို ပညာသင်ဆုရရှိတဲ့ ကျောင်းသားတွေကိုလည်း စာချုပ်စာတမ်းနဲ့ ကန့်သတ်ပိတ်ပင်ထားခြင်း လုံးဝမရှိဘူးလို့ သိရပါတယ်။ အသေးစိတ်ကို MSI ပညာရေးဝန်ဆောင်မှု ဖုန်း – ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆၊ မန္တလေးရုံး ဖုန်း – ၀၉၇၆၀၅၈၆၂၆ နဲ့ ၀၉၄၀၂၅၁၇၅၄၉ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ