
ရွှေတိဂုံစေတီတော်မြတ်ကြီးကို အွန်လိုင်းပေါ်ကနေ ဖူးမြော်နိုင်စေအောင် စီစဥ်ပေးထားတဲ့ app တစ်ခုဖြစ်ပါတယ်။ နေ့နံတွေအလိုက် ဂြိုဟ်တိုင်တွေကို ကြည့်ရှုနိုင်မှာဖြစ်သလို မိမိမွေးနံ ဂြိုဟ်တိုင်တွေကနေလည်း စေတီတော်မြတ်ကို ပူဇော်နိုင်စေရန်စီစဥ်ပေးထားပါတယ်။ ဒါ့အပြင် ပုတီးစိတ်ချင်း၊ ရေချမ်းများကပ်လှူပူဇော်ခြင်း ဆီမီးများ၊ ပန်းများကပ်လှူပူဇော်ခြင်း အစရှိတာတွေကို iPhone, iPad တို့ပေါ်ကနေပြုလုပ်ပြီး ကုသိုလ်တရားများ ပွားများနိုင်စေရန် စီစဥ်ပေးထားပါတယ်။ ထည့်သွင်း အသုံးပြုလိုသူတွေအနေနဲ့ App Store ကနေ အခမဲ့ရယူနိုင်မှာဖြစ်ပြီး ဖိုင်အရွယ်အစားကတော့ 94.5MB ခန့်ရှိမှာဖြစ်ပါတယ်။ iOS version 10.0 နဲ့ အထက်မှာထည့်သွင်း အသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ Download >>> Link
-သီဟ
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««