
လေးဆူဓာတ်စုံ မြတ်ရွှေတိဂုံစေတီတော်ကြီးအား ပြည်တွင်းပြည်ပ ရပ်နီးရပ်ဝေးမှ ဗုဒ္ဓဘာသာဝင် အများပြည်သူတွေ အနေနဲ့ အွန်လိုင်းကနေ ကြည်ညိုဖူးမြော်နိုင်စေဖို့ ရည်ရွယ်ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ခွင့်ပြုချက်ဖြင့် Studio AMK Co., Ltd. က ဖန်တီးရေးဆွဲ လှူဒါန်းထားတာ ဖြစ်ပြီး သီတင်းကျွတ်အခါသမယမှာ ဖုန်းထဲကနေ ရွှေတိဂုံဘုရားရင်ပြင်တော် ထောင့်စုံကနေ ဘုရားကို ဖူးမြော်ကြည်ညိုနိုင်မယ့် အပြင် သဒ္ဓါတရားစိတ်ပေါ် မူတည်ပြီး မိမိတို့ရဲ့ မွေးနေ့နံထောင့်မှာ ရေသပ္ပာယ်တာ၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူတာတွေကို Virtual ပုံစံနဲ့ အလွယ်တကူ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မွေးနေ့နံထောင့်မှာ ထိုင်ကာ ပုတီးစိပ်တာမျိုးကိုလည်း ဖုန်းစကရင် ပေါ်က ပုတီးလုံးလေးတွေကို နှိပ်ကာ စိပ်နိုင်မှာဖြစ်ပါတယ်။ ဆီမီးတစ်ထောင်၊ ဆီမီးတစ်သောင်း စတဲ့ သီတင်းကျွတ်ဆီမီးထွန်းညှိပူဇော်တာကိုလည်း မိမိစိတ်ကူးထဲကအတိုင်း ပုံစံဖော်ကာ App ထဲမှာ ဖန်တီးနိုင်မှာလည်း ဖြစ်ပါတယ်။
Offline အနေနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပြီး App ကို Android OS version 4.1 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖူးမြော်ကြည်ညိုလိုသူတွေ အနေနဲ့ ဒီနေရာကနေ Download ပြုလုပ်နိုင်ပါတယ်။
* for iOS users,
iOS version 10.0 နဲ့ အထက်မှာထည့်သွင်း အသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။
download here https://apple.co/2JlvO2L
iOS App News:
https://internetjournal.media/shwedagon-pagoda-ios/
-ရဲထွဋ်ဝင်း
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««