Shuffle ခလုတ်ကို Netflix စမ်းသပ်နေ

Netflix ဟာ ရုပ်ရှင်နဲ့ တီဗီစီးရီးတွေကို ကြုံရာကျပန်း ကြည့်နိုင်ဖို့ shuffle ခလုတ်တစ်ခုကို ထည့်သွင်းဖို့ စီစဉ်နေပါတယ်။ Netflix မှာရုပ်ရှင်တွေ ကြည့်ဖို့ ရွေးချယ်ရခက်ခဲနေတာ၊ ချစ်သူ/မိန်းမနဲ့အတူ အချင်းများနေတာတွေကို တစ်နည်းတစ်ဖုံ ဖြေရှင်းပေးနိုင်ပါတယ်။ Netflix ဟာ shuffle ခလုတ်ကို ဇူလိုင်လ ကတည်းက စမ်းသပ်နေပါတယ်။

Netflix က shuffle ခလုတ်ကို စမ်းသပ်နေတာကို TechCrunch က ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ အရင်ကလည်း Netflix ဟာ တီဗီစီးရီးတစ်ခုရဲ့ အပိုင်းတစ်ပိုင်းကို ကြုံရာကျပန်းကြည့်နိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို စမ်းသပ်ခဲ့ဖူးပါတယ်။

-စိုးထက်
Ref: TheVerge

အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော်