Shop.com.mm မှ Electronic Mega Festival ပြုလုပ်မည်

[ Zawgyi ]

Online Shopping တစ်ခုဖြစ်တဲ့ Shop.com.mm မှ တစ်နှစ်တာအတွင်း အကြီးမားဆုံး အွန်လိုင်းလျှပ်စစ်ပစ္စည်း ဈေးရောင်းပွဲတော်ကြီး (Electronic Mega Festival) ကို သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ ကျင်းပသွားမယ်လို့သိရပါတယ်။

Electronic Mega Festival ဈေးရောင်းပွဲတော်မှာ ဈေးဝယ်သူတွေအနေနဲ့ အမျိုးမျိုးသော အမှတ်တံဆိပ်တွေထဲမှ မိမိတို့စိတ်ကြိုက် လျှပ်စစ်ပစ္စည်းတွေကို အများဆုံးလျှော့ဈေး ၃၀ ရာခိုင်နှုန်းနဲ့ ဝယ်ယူနိုင်ပြီး အိမ်အရောက် အခမဲ့ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ ဈေးပွဲတော်ကာလအတွင်း ဖုန်း၊ ကွန်ပျူတာ၊ Laptop၊ ကင်မရာ၊ ဂိမ်းစက်၊ ဂိမ်းခွေ၊ Microwave၊ အဝတ်လျှော်စက်၊ ရေနွေးအိုး၊ ပန်ကာ၊ မီးပူ၊ TV, Audio အပါအဝင် အခြားလျှပ်စစ်ပစ္စည်းများစွာကို လျှော့ဈေးတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လျှော့ဈေး ၃၀% ပေးမယ့်အစီအစဉ်သာမက Electronic Mega Festival ကာလအတွင်း ဈေးဝယ်ယူသူတွေအတွက် ကြိုက်တဲ့ပစ္စည်းကို Wish List (အသည်းပုံ Button) ကိုနှိပ်ပြီး ဝယ်ယူပါက အထူးအစီအစဉ်အနေနဲ့ iPhone X မဲဖောက်ပေးမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း အမြင့်ဆုံးလျှော့ဈေးတွေနဲ့ ပစ္စည်းအရေအတွက် ကန့်သတ်ရောင်းချပေးမယ့် Flash Sale အစီအစဉ်နဲ့ အထူးလျှော့ဈေး ကူပွန်အစီအစဉ်တွေကိုပါ ထည့်သွင်းစီစဉ်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့အကြီးမားဆုံး အွန်လိုင်းလျှပ်စစ်ပစ္စည်း ဈေးရောင်းပွဲတော်ကြီး Electronic Mega Festival ကို ပါဝင်ဆင်နွှဲနိုင်ဖို့ www.shop.com.mm မှာ သြဂုတ်လ ၂၇ ရက်မှ စတင်ဝင်ရောက် ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ Shop.com.mm app ကို
Android နဲ့ Apple ဖုန်းတွေအတွက် download ဆွဲနိုင်ပြီး ပျော်ရွှင်ဖွယ်ရာ ဈေးဝယ်ခြင်းအတွေ့အကြုံများကို ပိုင်ဆိုင်နိုင်ပြီဖြစ်
တယ်လို့ဆိုပါတယ်။

လျှပ်စစ်ပစ္စည်းဈေးရောင်းပွဲတော်ကြီး Electronic Mega Festival ကို ဒီဂျစ်တယ်မီဒီယာပါတနာအဖြစ် Duwun၊ မီဒီယာ ပါတနာများအဖြစ် Internet Journal နဲ့ City FM မှ ပံ့ပိုးကူညီအားဖြည့် ပေးထားပါတယ်။

[ Unicode ]

Online Shopping တစ်ခုဖြစ်တဲ့ Shop.com.mm မှ တစ်နှစ်တာအတွင်း အကြီးမားဆုံး အွန်လိုင်းလျှပ်စစ်ပစ္စည်း စျေးရောင်းပွဲတော်ကြီး (Electronic Mega Festival) ကို သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ ကျင်းပသွားမယ်လို့သိရပါတယ်။

Electronic Mega Festival စျေးရောင်းပွဲတော်မှာ စျေးဝယ်သူတွေအနေနဲ့ အမျိုးမျိုးသော အမှတ်တံဆိပ်တွေထဲမှ မိမိတို့စိတ်ကြိုက် လျှပ်စစ်ပစ္စည်းတွေကို အများဆုံးလျှော့စျေး ၃၀ ရာခိုင်နှုန်းနဲ့ ဝယ်ယူနိုင်ပြီး အိမ်အရောက် အခမဲ့ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ စျေးပွဲတော်ကာလအတွင်း ဖုန်း၊ ကွန်ပျူတာ၊ Laptop၊ ကင်မရာ၊ ဂိမ်းစက်၊ ဂိမ်းခွေ၊ Microwave၊ အဝတ်လျှော်စက်၊ ရေနွေးအိုး၊ ပန်ကာ၊ မီးပူ၊ TV, Audio အပါအဝင် အခြားလျှပ်စစ်ပစ္စည်းများစွာကို လျှော့စျေးတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လျှော့စျေး ၃၀% ပေးမယ့်အစီအစဉ်သာမက Electronic Mega Festival ကာလအတွင်း စျေးဝယ်ယူသူတွေအတွက် ကြိုက်တဲ့ပစ္စည်းကို Wish List (အသည်းပုံ Button) ကိုနှိပ်ပြီး ဝယ်ယူပါက အထူးအစီအစဉ်အနေနဲ့ iPhone X မဲဖောက်ပေးမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့့ အချိန်အတွင်း အမြင့်ဆုံးလျှော့စျေးတွေနဲ့ ပစ္စည်းအရေအတွက် ကန့်သတ်ရောင်းချပေးမယ့် Flash Sale အစီအစဉ်နဲ့ အထူးလျှော့စျေး ကူပွန်အစီအစဉ်တွေကိုပါ ထည့်သွင်းစီစဉ်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့အကြီးမားဆုံး အွန်လိုင်းလျှပ်စစ်ပစ္စည်း စျေးရောင်းပွဲတော်ကြီး Electronic Mega Festival ကို ပါဝင်ဆင်နွှဲနိုင်ဖို့ www.shop.com.mm မှာ သြဂုတ်လ ၂၇ ရက်မှ စတင်ဝင်ရောက် ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ Shop.com.mm app ကို
Android နဲ့ Apple ဖုန်းတွေအတွက် download ဆွဲနိုင်ပြီး ပျော်ရွှင်ဖွယ်ရာ စျေးဝယ်ခြင်းအတွေ့အကြုံများကို ပိုင်ဆိုင်နိုင်ပြီဖြစ်
တယ်လို့ဆိုပါတယ်။

လျှပ်စစ်ပစ္စည်းစျေးရောင်းပွဲတော်ကြီး Electronic Mega Festival ကို ဒီဂျစ်တယ်မီဒီယာပါတနာအဖြစ် Duwun၊ မီဒီယာ ပါတနာများအဖြစ် Internet Journal နဲ့ City FM မှ ပံ့ပိုးကူညီအားဖြည့် ပေးထားပါတယ်။