Shop Championship Case Study 2018 Grand final ေရြးခ်ယ္ပြဲက်င္းပ

[ Zawgyi ]

ျမန္မာႏိုင္ငံရဲ႕ Ecommerce ကိုဦးေဆာင္တဲ့ အနာဂတ္လူငယ္မ်ားအတြက္ ရည္ရြယ္ၿပီး Shop.com.mm ကႀကီးမွဴးက်င္းပတဲ့ Shop Championship Case Study 2018 Grand final ေရြးခ်ယ္ပြဲကို ဇူလိုင္လ ၂၀ ရက္ က Melia Hotel မွာျပဳလုပ္ခဲ့ပါတယ္။

ရန္ကုန္၊ မႏၱေလး၊ မိတီၳလာနဲ႔ မုံရြာမွေက်ာင္းသား၊ ေက်ာင္းသူ အဖြဲ႔ေပါင္း ၁၀၀ ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတယ္ လို႔ သိရပါတယ္။ ၿပိဳင္ပြဲဝင္ေတြအေနနဲ႔ ပထမအဆင့္၊ ဒုတိယအဆင့္ကို Online မွ တစ္ဆင့္ ယွဥ္ၿပိဳင္ခဲ့ၿပီး ယခု အခါ ဆန္ခါတင္ေရြးခ်ယ္ခံရတဲ့ အဖြဲ႔ ၉ ဖြဲ႔မွ Shop Championship Grand final ေရြးခ်ယ္ျခင္းကို ဒိုင္လူႀကီးမ်ား ေရွ႕ေမွာက္မွာ Presentation နဲ႔ တင္ဆက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္ေတြအေနနဲ႔ Shop.com.mm ကထုတ္ျပန္ေၾကညာထားတဲ့ Marketing, Operation, Content & IT နဲ႔ Commercial ဆိုင္ရာလုပ္ငန္းသ ဘာ၀ Case Study မ်ားက ႀကိဳက္ႏွစ္သက္ရာေခါင္းစဥ္တစ္ခုကို ေရြးခ်ယ္ၿပီး Presentation နဲ႔ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ Shop Championship Case Study 2018 Grand final မွာ အေကာင္းဆုံး အဖြဲ႔ ၃ ဖြဲ႔ကုိ ေရြးခ်ယ္ၿပီး ပထမ၊ ဒုတိယ၊ တတိယဆုမ်ား ခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္။

Shop Championship Case Study 2018 Grand final အတြက္ ေရြးခ်ယ္ခံရတဲ့ ဆန္ခါတင္အဖြဲ႕ကိုးဖြဲ႕မွ ၿပိဳင္ပြဲဝင္မ်ားအေနနဲ႔ Shop.com.mm ရဲ႕ အနာဂတ္ E-commerce ေခါင္းေဆာင္တစ္ေယာက္ျဖစ္ရန္ ေလ့က်င့္ေပးမယ့္ အစီအစဥ္ျဖစ္တဲ့ DFLP (Daraz Future Leadership Program ကုိ စိတ္ပါဝင္စားပါက ဝင္ေရာက္ခြင့္ရရွိရန္ ဆက္လက္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေရြးခ်ယ္ခံရတဲ့ DFLP မ်ားကို Shop.com.mm ရဲ႕ Department Head မ်ားမွာ အနီးကပ္ ၁၈ လ ေလ့က်င့္ေပးမွာျဖစ္ကာ အရည္အခ်င္း ျပည့္မီပါက Shop.com.mm မွာ ေခါင္းေဆာင္တစ္ဦးအျဖစ္ ဦးေဆာင္ခြင့္ ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

မြန်မာနိုင်ငံရဲ့ Ecommerce ကိုဦးဆောင်တဲ့ အနာဂတ်လူငယ်များအတွက် ရည်ရွယ်ပြီး Shop.com.mm ကကြီးမှူးကျင်းပတဲ့ Shop Championship Case Study 2018 Grand final ရွေးချယ်ပွဲကို ဇူလိုင်လ ၂၀ ရက် က Melia Hotel မှာပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနဲ့ မုံရွာမှကျောင်းသား၊ ကျောင်းသူ အဖွဲ့ပေါင်း ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ် လို့ သိရပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ပထမအဆင့်၊ ဒုတိယအဆင့်ကို Online မှ တစ်ဆင့် ယှဉ်ပြိုင်ခဲ့ပြီး ယခု အခါ ဆန်ခါတင်ရွေးချယ်ခံရတဲ့ အဖွဲ့ ၉ ဖွဲ့မှ Shop Championship Grand final ရွေးချယ်ခြင်းကို ဒိုင်လူကြီးများ ရှေ့မှောက်မှာ Presentation နဲ့ တင်ဆက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ Shop.com.mm ကထုတ်ပြန်ကြေညာထားတဲ့ Marketing, Operation, Content & IT နဲ့ Commercial ဆိုင်ရာလုပ်ငန်းသ ဘာဝ Case Study များက ကြိုက်နှစ်သက်ရာခေါင်းစဉ်တစ်ခုကို ရွေးချယ်ပြီး Presentation နဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Shop Championship Case Study 2018 Grand final မှာ အကောင်းဆုံး အဖွဲ့ ၃ ဖွဲ့ကို ရွေးချယ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Shop Championship Case Study 2018 Grand final အတွက် ရွေးချယ်ခံရတဲ့ ဆန်ခါတင်အဖွဲ့ကိုးဖွဲ့မှ ပြိုင်ပွဲဝင်များအနေနဲ့ Shop.com.mm ရဲ့ အနာဂတ် E-commerce ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် လေ့ကျင့်ပေးမယ့် အစီအစဉ်ဖြစ်တဲ့ DFLP (Daraz Future Leadership Program ကို စိတ်ပါဝင်စားပါက ဝင်ရောက်ခွင့်ရရှိရန် ဆက်လက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရွေးချယ်ခံရတဲ့ DFLP များကို Shop.com.mm ရဲ့ Department Head များမှာ အနီးကပ် ၁၈ လ လေ့ကျင့်ပေးမှာဖြစ်ကာ အရည်အချင်း ပြည့်မီပါက Shop.com.mm မှာ ခေါင်းဆောင်တစ်ဦးအဖြစ် ဦးဆောင်ခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ