Sheffield Hallam University မှ ၂၀၂၁ ကျောင်းဖွင့်ချိန်အတွက် ၅၀ ရာခိုင်နှုန်းပညာသင်ဆုပေးအပ်မည်

အင်္ဂလန်နိုင်ငံ ၊ Sheffield မြို့ရှိ Sheffield Hallam University (SHU) မှ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ကျောင်းဖွင့်ချိန်တွင် ဘွဲ့ဒီဂရီတန်း လျှောက်ထားမယ့် ကျောင်းသား/သူများကို ပညာသင်ဆု ၅၀ ရာခိုင်နှုန်း ပေးအပ်သွားမယ်လို့ MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ သိရပါတယ်။

ဘွဲ့ဒီဂရီတန်း လျှောက်ထားရန် တက္ကသိုလ်ဝင်တန်း (သို့) GCE ‘A’ Level ပြီးဆုံးအောင်မြင်ထားဖို့ လိုအပ်ပြီး IELTS (6.0) ရှိထားဖို့ လိုပါတယ်။ ဘွဲ့ဒီဂရီတန်းမှာ Accounting, Banking and Finance, Acting, Screenwriting and Film, Architecture- Art and Design, Bioscience and Chemistry, Business, Management and Enterprise, Tourism and Hospitality, Computing, Construction Real Estate and Surveying, Criminology, Diagnostic Radiography, Digital Media, Engineering, Media, PR and Journalism စသဖြင့် ရွေးချယ်တက်ရောက်နိုင်ပြီး IELTS (6.0) မရှိထားသူတွေ အနေနဲ့ International foundation Program : Business and Social Science နဲ့ International Foundation Program : Science, Technology, Engineering and Maths (STEM) ကို ဦးစွာ ရွေးချယ်တင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ HND (UK) Level (5) အထိ ပြီးထားပါက Sheffield Hallam University ရဲ့ တက္ကသိုလ် Final Year ကို တိုက်ရိုက် ဝင်ခွင့်ရရှိမှာ ဖြစ်ပြီး ဘွဲ့ရပြီးပါက Postgraduate Work Permit ၂ နှစ် လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ MSI ရုံး ဖုန်း – ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ မန္တလေးရုံး၊ ဖုန်း – ၀၉၉၇၆၀၅၈၆၂၆၊ ၀၉၄၀၂၅၁၇၅၄၉ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ