She-Hulk စီးရီးမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်မယ့် တာတီရာနာမက်လန်နီ

BBC America က Orphan Black စီးရီးမှာ ပါဝင်တဲ့ တာတီရာနာမက်လန်နီဟာ Disney Plus စီးရီးမှာ ထုတ်လွှင့်မယ့် She-Hulk စူပါဟီးရိုးဇာတ်ကောင် ဂျနီဖာဝေါ်တာအဖြစ် သရုပ်ဆောင်ပါမယ်။

အခုသတင်းကို Deadline ကစတင်ဖော်ပြခဲ့ပြီး Disney ကိုယ်စားလှယ်နဲ့ မက်လန်နီကတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ လက်ရှိမှာ မက်လန်နီဟာ HBO ရဲ့ တရားရေးဆိုင်ရာ Perry Mason စီးရီးမှာ စစ္စတာအယ်လစ်အဖြစ် ပါဝင်ထားပါတယ်။

ဂျနီဖာဝေါ်တာ ဇာတ်ကောင်က Hulk စူပါဟီးရိုး ဘရုစ်ဘန်နာနဲ့ တစ်ဝမ်းကွဲတော်စပ်ပါတယ်။ သူမဟာ ဘန်နာဆီက သွေးလဲလှယ်အပြီး အလားတူပါဝါမျိုး ရရှိလာပါတယ်။She-Hulk စီးရီးက Disney Plus မှာ ဘယ်အချိန်ထွက်မလဲဆိုတာ မသိသေးပါဘူး။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««