Sharp ၏ AQUOS 8K TV နှင့် နောက်ဆုံးပေါ်နည်းပညာဖြစ်သည့် Plasmacluster တို့ကို တရားဝင်မိတ်ဆက်
[ Zawgyi ]
-ဝေဝေ
[ Unicode ]
Sharp ၏ AQUOS 8K TV နဲ့ နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Plasmacluster တို့ကို တရားဝင်မိတ်ဆက်တဲ့ အခမ်းအနားကို သြဂုတ်လ ၂၂ ရက်က WYNDHAM Grand Hotel မှာကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ Sharp AQUOS 8K TV ရဲ့နည်းပညာပြောင်းလဲတိုးတက်မှုနဲ့ ကြည့်ရှုသူတွေအတွက် အရောင်အသွေး၊ အလင်းအမှိန်အပြင် IGZO Display ဖြင့် ဆောင်ရွက်ထားခြင်းကို Sharp မှ တာဝန်ရှိသူက ရှင်းလင်းပြောပြခဲ့ပါတယ်။ AQUOS 8K ဟာ AQUOS Series family မှာ အကောင်းဆုံးအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Plasmacluster နည်းပညာဟာ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ဖယ်ထုတ်ရှင်းလင်းပြီး လေကို သန့်စင်ပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ လေကိုသန့်စင်ပြီးနောက် သံကို ရေသို့ပြောင်းလဲစေပြီး လေထဲကိုပြန်လည် ထုတ်လွှင့်ပေးတယ်လို့ သိရပါတယ်။ Sharp AQUOS 8K TV မှာ အရွယ်အစား လက်မ ၆၀၊ ရ၀၊ ၈၀ ဆိုပြီး ထုတ်ထားတာဖြစ်ပါတယ်။ Sharp မှ TV, Refrigerator, Washing Machine, Air Conditioner, Air Purifier, Microwave နဲ့ Vacuum Cleaner တို့ကို ရောင်းချလျက်ရှိပါတယ်။ ၀ယ်ယူသုံးစွဲလိုသူတွေ အနေနဲ့ WaiYan Electronic ဆိုင်တွေမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။