
MPT ဆင်းမ်ကတ် သုံးသူတွေအနေနဲ့ နာမည်ကြီး ကိုရီးယားနဲ့ မြန်မာရုပ်ရှင်နဲ့ တီဗီစီးရီးတွေကို ဖုန်းကနေကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ တစ်ရက်အသုံးပြုခ ၉၉ ကျပ် ကျသင့်မယ့် အခပေး App ဖြစ်ပြီး အွန်လိုင်းအခြေပြု App အမျိုးအစား ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုတွေကို App ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်သလို ဖုန်းထဲကို download ပြုလုပ်ကာလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android ver 4.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။
-ရဲထွဋ်ဝင်း
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««