SFUx Certificate in Digital Marketing သင်တန်းဖွင့်လှစ်မည်

Digital Marketing ပညာရပ်များကို လေ့လာသင်ယူလိုသူများအတွက် Strategy First University Extension-SFUx မှ SFUx Certificate in Digital Marketing သင်တန်းသစ်ကို ဒီဇင်ဘာ ၁၄ ရက် မှစတင်ကာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ဒီသင်တန်းမှာ Digital Marketing ရဲ့ သဘောသဘာဝများ၊ မိရိုးဖလာလုပ်ငန်းများ အနေဖြင့် စျေးကွက်သစ်ဖန်တီးပြီး လုပ်ငန်းတိုးချဲ့နိုင်ရန်၊ ပြိုင်ဆိုင်မှုပြင်းထန်သည့်စျေးကွက်တွင်လုပ်ငန်းများရေရှည်ရပ်တည်နိုင်ရန်နှင့် လုပ်ငန်းအတွက်ရလဒ်ကောင်းများ ရရှိရန် Digital tools, Platform နဲ့ Digital နည်းပညာများ ပေါင်းစပ်လုပ်ဆောင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် Digital Marketing နဲ့သက်ဆိုင်သည့်ပညာရပ်များကို အခြေခံကျကျ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

သင်တန်းမှာ Introduction to Digital Marketing, Social Media Tools & Platforms, Social Media Advertising & Managing, Facebook Business Managing & Advertising, YouTube Ads & Marketing, Social Media Data Analysis, Search Engine Optimization (SEO), Search Engine Marketing, Content Development & Strategy, Web Analytics Tools, Digital Marketing Plan & Budget, Email Marketing, Market Research & Niche Potential, Mobile Marketing, AdSense, Blogging and Affiliate Marketing တွေကို သင်ကြားရမှာဖြစ်ပါတယ်။ သင်တန်းကာလ ၁၆ ပတ် ကြာမြင့်မှာ ဖြစ်ပြီး Digital Marketing နယ်ပယ်မှာ လက်တွေ့လုပ်ကိုင်နေတဲ့ ဆရာ Ko Zin Sett @Alex ကိုယ်တိုင်သင်ကြား ပြသပေးသွားမှာ ဖြစ်ပါတယ်။ စာသင်ချိန် စုစုပေါင်းကတော့ ၁၅ နာရီမှ နာရီ ၂၀ အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ ၈၈,၅၀၀ ကျပ် ဖြစ်ပြီး ကျောင်းသားဟောင်းတွေကတော့ ၆၈,၅၀၀ ကျပ်ပဲကျသင့်မှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://sfux.strategyfirst.edu.mm/detail/7 မှာစာရင်းပေးသွင်းတက်ရောက်နိုင်ပြီး သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်ကို Zoom Video Conference ဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««