SFU-SQA Professional Diploma စီးပွားရေးနှင့် စီမံခန့်ခွဲမှု Online သင်တန်းများဖွင့်မည်

SFU-SQA Professional Diploma စီးပွားရေးနှင့် စီမံခန့်ခွဲမှု Online သင်တန်းတွေကို အောက်တိုဘာ ၁၁ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း အခြေခံလိုအပ်တဲ့ စီမံခန့်ခွဲမှုနည်းဥပဒေ‌တွေကို ဦးစားပေးသင်ကြားပို့ချနိုင်ရန် အတွက် Strategy First University နဲ့ Scottish Qualifications Authority (SQA) တို့မှ အထူးစီစဉ်ဆောင်ရွက်ကာ ပူးပေါင်းဖွင့်လှစ်ထားတဲ့ သင်တန်းများဖြစ်ပြီး ယခု Stay Home ကာလအတွင်း မိမိတို့ရဲ့ လုပ်ငန်းခွင်တိုးတက်မှုများအတွက် ပြင်ဆင်လိုသူတွေနဲ့ လုပ်ငန်းခွင်‌ တွေကိုဝင်ရောက်ရန် ကြိုတင်ပြင်ဆင်လိုသူ‌တွေ အတွက် General Management ဒီပလိုမာများရှိသလို၊ သက်ဆိုင်ရာ Career မှာ အထူးပြုကျွမ်းကျင်လိုသူ‌ တွေအ‌‌နေနဲ့လည်း တက်ရောက်သင့်တဲ့ Programme တွေဖြစ်တယ်လို့ သိရပါတယ်။

Professional Diploma in Business Management and Entrepreneurship, Professional Diploma in Human Resource Management and Development, Professional Diploma in Project Management တန်းတွေ ကို တက်ရောက်နိုင်ပြီး သင်တန်းကာလ ၆ လ ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်ကြားမှုပုံစံအနေနဲ့ (Lecture Video + Online Discussion Workshop) သင်ခန်းစာ‌ တွေကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးသွားမှာဖြစ်ပြီး ဆရာကြီး၊ဆရာမကြီးများမှ ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုသင်ခန်းစာများကို လေ့လာရမှာ ဖြစ်ပါတယ်။ လေ့လာပြီးတဲ့ ဗီဒီယိုသင်ခန်းစာတွေကို လက်တွေ့ပိုင်းဆိုင်ရာ လေ့ကျင့်ဆွေးနွေးနိုင်မမယ့် workshop အတန်း‌တွေကိုလည်း အွန်လိုင်းမှ စီစဥ်ပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်ကို ဖုန်း-၀၉၂၅၀၇၁၇၁၆၆ နဲ့ ၀၉၂၅၀၇၁၇၁၆၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««