Selphy QX 10 Compact Printer

ဖုန်းဖြင့်သော် လည်းကောင်း၊ ကင်မရာဖြင့်သော် လည်းကောင်း ရိုက်ကူးထားတဲ့ အမှတ်တရ ဓာတ်ပုံတွေကို အချိန်တို အတွင်းမှာ လွယ်ကူ လျင်မြန်စွာ ထုတ်ပေးနိုင်တဲ့ Printer ဖြစ်ပါတယ်။

Android Phone တွေမှာ Wi Fi နဲ့အလွယ်တကူ ချိတ်ဆက်ထုတ်ယူနိုင်ပြီး iOS User တွေအတွက်တော့ Air Print နဲ့ တိုက်ရိုက်ချိတ်ဆက်ကာ ဓာတ်ပုံတွေကို ထုတ်ယူနိုင်ပါတယ်။ Printing နည်းပညာကိုတော့ Dye-sublimation thermal transfer printing system အသုံးပြုထားပါတယ်။ အရည်အသွေး 287 x 287 dpi အထိရရှိမှာဖြစ် အရောင်အနေနဲ့ 3 colour inks (yellow, cyan, magenta) with protective over coating , 256 levels per colour (24 bit colour depth) ဖြစ်ပါတယ်။ Rated input -DC 5.0 V ±0.5 V, max. 900 mA ထောက်ပံ့ပေးထားပါတယ်။ Paper Size ကတော့ 2×3 inch ဖြစ်ပြီး Paper တစ်ခုမှာ paper အရွက် ၂၀ နဲ့ Colour ink cassette/ Sticker Label set တွေပါဝင်မှာဖြစ်ပါတယ်။ Printer ကို အဖြူ၊ အနက်၊ ပန်းရောင် သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။ အရွယ်အစားက 3.0 x 14.5 x 10.2 cm ဖြစ်ပြီး 439 g အလေးချိန်ရှိပါတယ်။

canon authorized distributor – Myanmar ဖုန်း – ၀၁၆၅၄၈၁၀ ကနေ တရားဝင် တင်သွင်းတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃၆ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««