Selphy CP 1300 Compact Photo Printer

သယ်ဆောင်ရလွယ်ကူပြီး ဖုန်းဖြင့်လည်းကောင်း၊ ကင်မရာဖြင့် လည်းကောင်း ရိုက်ကူးထားတဲ့ပုံတွေကို Wi-Fi နဲ့ အလွယ်တကူ ချိတ်ဆက်ပြီး ထုတ်ယူနိုင်တဲ့ Selphy CP 1300 Compact Photo Printer ဖြစ်ပါတယ်။ SD Card နဲ့ လည်း တိုက်ရိုက် Print ထုတ်ယူနိုင်ပါတယ်။

Printing နည်းပညာကို Dye Sublimation / Thermal Transfer အသုံးပြုထားပါတယ်။ 8.1cm အရွယ်ရှိ LCD ထောက်ပံ့ပေးထားပါတယ်။4 x 6 Size , 2 x 3 Size ( 4x 6 Paper -2 Sheet), 2 x 2 Size (4x 6 Paper – 4 Sheet) , 1 x 1 Size (4x 6 Paper -8 Sheet) စတဲ့ အရွယ်အစားတွေကို Print Resolution (Up to) – Color256 Levels Per Color (16.8 Million Colors) (Max Resolution: 300 dpi) အရည်အသွေးနဲ့ ထုတ်ယူနိုင်ပါတယ်။ Memory Card Slot, PictBridge, USB Port, Wi-Fi Direct ပါ၀င်လို့ Android များမှာ Wi-Fi နဲ့ ထုတ်ယူနိုင်ပြီး iPhone များမှာ Air Print များနဲ့ တိုက်ရိုက် ထုတ်ယူနိုင်ပါတယ်။ ၄ လက်မ ၆ လက်မ တစ်ပုံကို ၄၇ စက္ကန့်နဲ့ ထုတ်ယူနိုင်မှာပါ။ canon authorized distributor – Myanmar ဖုန်း – ၀၁၆၅၄၈၁၀ က တရား၀င် တင်သွင်းတာဖြစ်ပြီး ကန်ဒေါ်လာ ၁၀၈ ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာငွေနဲ့ ရောင်းချပေးသွားမှာပါ။

-ကျော်ဇေယျ