Selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Fujifilm ရဲ့ Instax Mini 11

Fujifilm က အသစ်ထုတ်လုပ်လိုက်တဲ့ analog instant ကင်မရာဟာ အလွယ်တကူနဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ Instax Mini 11 အမည်ရ ကင်မရာကို မတ်လလယ်အတွင်း ဒေါ်လာ ၇၀ အောက်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Instax Mini 11 ဟာ shutter speed ကို အလိုအလျောက်ချိန်ပေးပြီး ပတ်ဝန်းကျင်က အလင်းရောင်အခြေအနေအတိုင်း flash ကိုဖွင့်ပေးမှာ ဖြစ်ပါတယ်။

Instax Mini 11 မတိုင်မီက ထွက်ရှိခဲ့တဲ့ Mini 9 ကင်မရာမှာတော့ exposure ကို ကိုယ်တိုင်ချိန်ညှိရပါတယ်။ အခုကင်မရာကြောင့် ပုံတွေ အလဟဿမဖြစ်တော့ဘဲ ပုံကောင်းတွေရရှိမှာ ဖြစ်သလို ငွေကြေးလည်း သက်သာမှာ ဖြစ်ပါတယ်။ Mini 11 မှာအသစ်ပါဝင်လာတဲ့ feature ကတော့ selfie mode ဖြစ်ပါတယ်။ အရင်မော်ဒယ်တွေမှာ ကိုယ့်ပုံတူ ရိုက်ကူးဖို့ snap-on lens ကိုချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။ အခု Mini 11 မှာတော့ selfie ရိုက်ကူးဖို့ lens အရှေ့ဘက်က translucent ring ကိုဆွဲထုတ်လိုက်ရုံပါပဲ။

အခုကင်မရာမှာ အခြား Instanx Mini ကင်မရာမှာ အသုံးပြုတဲ့ instant film cartridge ကိုပဲအသုံးပြုရပြီး ၃.၄ လက်မx ၂.၁ လက်မ ဓာတ်ပုံကို ထုတ်ပေးနိုင်ပါတယ်။ Mini 11 ဟာကျစ်လျစ်၊ လုံးဝန်းကာ Mini 9 ထက် ပျော့ပျောင်းပါတယ်။ Fujiflim က Mini 11 အပြာ၊ ပန်းရောင်၊ မီးခိုး၊ အဖြူနဲ့ ခရမ်းရောင်တို့ ထုတ်လုပ်ထားပါတယ်။

အခုအချိန်မှာ အလွန်ကောင်းမွန်တဲ့ ဖုန်းကင်မရာတွေ ပေါ်ပေါက်လာတာကြောင့် ဒီဂျစ်တယ်ကင်မရာ ဈေးကွက်တော်တော်များများ ပျောက်ကွယ်နေပါတယ်။ ဒါပေမဲ့လည်း instant film ဈေးကွက်ကတော့ ရေပန်းစားနေပါတယ်။ Fujifilm ဟာ တစ်ကမ္ဘာလုံးဆီ Instax ကင်မရာ သန်း ၄၀ တင်ပို့ရောင်းချနေရပါတယ်။

စိုးထက်
Ref: CNET