Selfie ချစ်သူတွေ အကြိုက်တွေ့ဦးမယ့် V7+

စက်တင်ဘာလ ၂၅ ရက်နေ့တုန်းက ခမ်းနားစွာ မိတ်ဆက်ပေးသွားတဲ့ V7+ ဟာ မျှော်လင့်ထားတဲ့အတိုင်း ပိုပြီးကောင်းမွန်တဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ V7+ ကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ Selfie ချစ်သူတွေ အကြိုက်တွေ့ဦးမယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ကင်မရာ

တခြားအကြောင်းအရာတွေကို မကြည့်ခင် အရင်ဦးဆုံး ပြောရမယ့် အားရစရာ အကောင်းဆုံး တစ်ခုကတော့ 24MP front camera ပါပဲ။ 24MP ဆိုတာဟာ စမတ်ဖုန်း ကင်မရာတွေထဲမှာ ပမာဏအများဆုံးလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လည်း ကြည်လင်ပြတ်သားမှုကိုပေးတာကို တွေ့ရပါတယ်။ အထူးသဖြင့် Selfie ရိုက်ပြီး ပြန်ချဲ့ကြည့်တဲ့အခါ ဆံပင် တစ်ပင်ချင်းစီကအစ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား တွေ့မြင်ရပါတယ်။ ပုံရိပ် ဖမ်းယူမှုက DSLR ကင်မရာ တစ်လုံးလောက်ကို ကောင်းမွန်တဲ့အတွက် အားရကျေနပ်စရာပါပဲ။

16MP အနောက်ကင်မရာ ကိုလည်း အရည်အသွေးမြင့်ပြီး ကျေနပ်စရာကောင်းတယ်လို့ ထောက်ခံပေးရမှာ ဖြစ်ပါတယ်။ PDAF နည်းပညာနဲ့ အယ်လ်ဂိုရီသမ် တို့ကို ပေါင်းစပ်ထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ရယူနိုင်တာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမားရိုးကျ 13MP တွေထက်တော့ ပိုပြီး ကျေနပ်စရာပါ။

အဖွဲ့လိုက် Selfie ရိုက်ရာမှာလည်း ပိုပြီးကောင်းမွန်တဲ့ ပုံရိပ်ကို ရယူနိုင်တာကိုတွေ့ရပါတယ်။ တစ်ယောက်ချင်းစီတိုင်းရဲ့ မျက်နှာ၊ နောက်ခံအရာဝတ္ထုတွေကအစ ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်တာကလည်း နှစ်သက်စရာ အချက်ပါပဲ။

ဖန်သားမျက်နှာပြင်

နောက်ထပ် အားရစရာ အချက်တစ်ခုကတော့ ပိုပြီးကျယ်ပြန့်လာတဲ့ မျက်နှာပြင်ပါပဲ။ သမားရိုးကျ မျက်နှာပြင်တွေထက် ပိုပြီးကျယ်ပြန့်တယ်လို့ ဆိုနိုင်ပေမယ့် အဓိက ပြောင်းလဲမှုကတော့ မြင်ကွင်းအချိုး ပြောင်းလဲမှုပါ။ သမားရိုးကျ မျက်နှာပြင်တွေက 16:9 ဖြစ်ပေမယ့် V7+ ကတော့ 18:9 ဖြစ်ပါတယ်။ ဒီအချိုးက ဗွီဒီယိုကြည့်တဲ့အချိန်နဲ့ ဂိမ်းကစားတဲ့အချိန်တွေမှာ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းကျယ် အရသာကို ခံစားရစေပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ လက်ထဲမှာ 5.5 လက်မ မျက်နှာပြင် V5s ကိုင်ထားသလိုပဲ ခံစားရတယ်ဆိုပေမယ့် သိသိသာသာ ကွာခြားသွားတာက 5.99 လက်မ FullViewTM Display ကို မြင်တွေ့ရခြင်းပါ။ ကိုယ်ထည်ပေါ်က ဖန်သားပြင် အချိုးက 84.4% အချိုးဖြစ်သွားပြီး မြင်ကွင်းအကျယ် 12.5% ပိုသွားပါတယ်။

RAM & ROM

V7+ကို Qualcomm octa-core CPU, 4GB of RAM, and 64 GB of ROM တို့နဲ့ ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် Android 7.1 ကို အခြေခံပြီး Funtouch OS 3.2 ကိုလည်း အသုံးပြုထားတာကြာင့် ချောမွေ့ပြီး ပြည့်ဝတဲ့ စွမ်းဆောင်ရည် ထောက်ပံ့ပေးမှုကို ရယူနိုင်ပါတယ်။

Hi-Fi audio

Vivo ရဲ့ ထုတ်ကုန်တွေမှာ Hi-Fi audio chip ထည့်သွင်း ထုတ်လုပ်ခြင်းကလည်း အထင်ကရနဲ့၊ သုံးစွဲသူအကြိုက်တွေ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။ အခု ထုတ်ကုန်သစ် V7+ မှာတော့ Hi-Fi စနစ်ကို ပိုပြီးကောင်းမွန်အောင် အဆင့်မြှင့် တင်လိုက်ပါတယ်။ ဒါကြောင့် V7+ ရဲ့ အဆင့်မြှင့်တင်ပြီးသား AK4376A Hi-Fi audio chip က Headphone နဲ့ နားဆင်ရာမှာ ပိုပြီး ကြည်လင်ပြတ်သားတဲ့ အသံထွက်ကို ကြားရပါတယ်။

တခြား တိုးတက်ပြောင်းလဲမှုအပိုင်းတွေမှာတော့ မျက်နှာအလှပြုပြင်စနစ်က 7.0 ဖြစ်လာပါတယ်။ Video ဖုန်းခေါ်ဆိုမှုအတွက် မျက်နှာအလှ ပြုပြင်စနစ်၊ နောက်ခံေ၀၀ါးပေးတဲ့ စနစ်၊ အလိုအလျောက် မျက်နှာပြင် ပိုင်းခြားစနစ် 3.0၊ Game mode, App ပုံတူပွားစနစ်၊ Face Accessပါဝင်လာပါတယ်။ အခြား function တွေလည်း ပါဝင်နေပေမယ့် အသေးစိတ်ကိုတော့ ချန်လှပ်ထားလိုက်ပါတော့မယ်။
Android 7.1၊ Funtouch OS 3.2၊ Qualcomm octa-core CPU, 4GB of RAM, and 64 GB of ROM (256 GB အထိ တိုးချဲ့နိုင်) တို့ ဖြစ်တဲ့အတွက် သုံးစွဲသူတွေ လိုအပ်တဲ့ အချက်အတော်များများ ပြည့်စုံတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ထရီကတော့ 3225mAh ဖြစ်တာကတော့ ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

အားလုံးမျှော်လင့်ထားတဲ့ Fingerprint စနစ်ကတော့ ပါဝင်မလာပါဘူး။ ကိုယ်ထည်ကလည်း ပိုပြီးကြီးမသွားသလို၊ ပိုလည်း သေးမသွားပါဘူး။ ကိုယ်ထည်ဒီဇိုင်းဖွဲ့စည်းမှုမှာ အနားသတ်ထောင့်တွေကို ပိုပြီး ပြေပြစ်အောင် ကွေးချိုးပေးထားတာကလွဲရင် သိပ်ပြီး ဆန်းသစ်ပြောင်းလဲမှု မရှိပါဘူး။ ဒါပေမယ့် V7+ ကို Selfie ချစ်သူတွေ၊ Gamer တွေ၊ Video ကြည့်လွန်းသူတွေအနေနဲ့ စမ်းသပ်ကြည့်သင့်တယ်လို့ ယူဆပါတယ်။