Selfie ကင်မရာ ၂ လုံးပါဝင်လာတဲ့ OnePlus Nord

OnePlus ဟာ ၂၀၁၅ မှာ မအောင်မြင်တဲ့ OnePlus X ထုတ်လုပ် အပြီး အခုအခါမှာတော့ အလယ်အလတ်တန်းစားဖုန်းဖြစ်တဲ့ Nord ကိုမိတ်ဆက်လိုက်ပါတယ်။ Nord ကို ဒေါ်လာ ၄၈၀ နဲ့ စတင်ရောင်းချပါမယ်။ OnePlus Nord ဟာ လအနည်းငယ်က ထွက်ရှိခဲ့တဲ့ OnePlus 8 နဲ့ဆင်ပါတယ်။

OnePlus Nord မှာတော့ 1080p OLED display နဲ့အတူ 90Hz refresh rate, Sub-6GHz 5G, Warp Charge 30T အားသွင်းမြန်ဆန်စနစ် ပါဝင်လာပါတယ်။ OnePlus 8 လိုပဲ အဓိက ကင်မရာ 48-megapixel ပါဝင်လာပါတယ်။ Nord မှာ Snapdragon 765G ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။
Nord ကိုအပြာနဲ့ မီးခိုး ထုတ်လုပ်ပါမယ်။ OnePlus Nord အတွက် RAM 8GB နဲ့ 128GB မော်ဒယ်ကို ဒေါ်လာ ၄၈၀ ကျသင့်ပြီး RAM 12GB နဲ့ storage 256GB ကတော့ ဒေါ်လာ ၅၉၄ ကျသင့်ပါမယ်။ OnePlus ဟာ ဥရောပအတွင်း ဩဂုတ်လ ၄ ရက်မှာ စတင်ရောင်းချပါမယ်။

OnePlus ဟာ ဇူလိုင် ၃၁ ရက်မှာ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နဲ့ John Lewis ဆိုင်တွေမှာလည်း ဖုန်းတချို့ကို ရောင်းချဖို့ စီစဉ်ထားပါတယ်။

စိုးထက်
Ref: TheVerge