Selfie ကင္မရာေတြပါဝင္တဲ့ feature ဖုန္းႏွစ္မ်ိဳးကို Energizer မိတ္ဆက္

ဒီႏွစ္အတြင္းမွာ ထုတ္ကုန္အသစ္ေတြကို မိတ္ဆက္ၿပီး ေစ်းကြက္ရဲ႕ေဝစုအမ်ားအျပားကို ရယူထားႏိုင္ခဲ့တဲ့ Energizer ဟာ အခုအခါမွာလည္း feature ဖုန္းသစ္ႏွစ္မ်ိဳးကို ထပ္မံ မိတ္ဆက္လိုက္ပါတယ္။

Energy E10+ နဲ႔ Energy E11 မွာ အေရွ႕ဘက္ကင္မရာေတြပါဝင္ၿပီး ဘက္ထရီကိုလည္း ရက္အတန္ၾကာ အသံုးျပဳႏိုင္ပါတယ္။

E10+ မွာ 1000mAh ဘက္ထရီပါဝင္ၿပီး ဖုန္းေျပာတဲ့အခါ ၇ နာရီအထိ အသံုးျပဳႏိုင္ပါတယ္။ Standby အေနနဲ႔ဆို ၅ ရက္ၾကာ သံုးႏိုင္ပါတယ္။

E11 မွာေတာ့ 1800mAh ဘက္ထရီပါဝင္ပါတယ္။ ဖုန္းေျပာတဲ့အခါ ၁၂.၅ နာရီၾကာ အသံုးျပဳႏိုင္ၿပီး standby ဆိုရင္ ၉ ရက္အထိ တာရွည္ခံပါတယ္။

ဒီဖုန္းေတြဟာ ႐ိုးရွင္းတဲ့ feature ဖုန္းေတြျဖစ္တာေၾကာင့္ ဖုန္းေခၚဆိုတာနဲ႔ စာတိုေပးပို႔တာေတြအတြက္ အသင့္ေတာ္ဆံုး ျဖစ္ပါတယ္။ ဒါ့အျပင္ အေရွ႕ဘက္နဲ႔ ေက်ာဘက္မွာ VGA ကင္မရာေတြပါဝင္တဲ့အတြက္ ေန႔စဥ္ အမွတ္တရေတြကို မွတ္တမ္းတင္ထားႏိုင္ပါတယ္။ အျခားအခ်က္အလက္ေတြအေနနဲ႔ dual-SIM အေထာက္အပံ့၊ microSD card အေထာက္အပံ့နဲ႔ FM Radio တို႔ ပါဝင္ပါတယ္။

-ေနာင္ေနာင္
Ref: GizmoChina

[ Unicode ]

ဒီနှစ်အတွင်းမှာ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပြီး စျေးကွက်ရဲ့ဝေစုအများအပြားကို ရယူထားနိုင်ခဲ့တဲ့ Energizer ဟာ အခုအခါမှာလည်း feature ဖုန်းသစ်နှစ်မျိုးကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။

Energy E10+ နဲ့ Energy E11 မှာ အရှေ့ဘက်ကင်မရာတွေပါဝင်ပြီး ဘက်ထရီကိုလည်း ရက်အတန်ကြာ အသုံးပြုနိုင်ပါတယ်။

E10+ မှာ 1000mAh ဘက်ထရီပါဝင်ပြီး ဖုန်းပြောတဲ့အခါ ရ နာရီအထိ အသုံးပြုနိုင်ပါတယ်။ Standby အနေနဲ့ဆို ၅ ရက်ကြာ သုံးနိုင်ပါတယ်။

E11 မှာတော့ 1800mAh ဘက်ထရီပါဝင်ပါတယ်။ ဖုန်းပြောတဲ့အခါ ၁၂.၅ နာရီကြာ အသုံးပြုနိုင်ပြီး standby ဆိုရင် ၉ ရက်အထိ တာရှည်ခံပါတယ်။

ဒီဖုန်းတွေဟာ ရိုးရှင်းတဲ့ feature ဖုန်းတွေဖြစ်တာကြောင့် ဖုန်းခေါ်ဆိုတာနဲ့ စာတိုပေးပို့တာတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့ဘက်နဲ့ ကျောဘက်မှာ VGA ကင်မရာတွေပါဝင်တဲ့အတွက် နေ့စဉ် အမှတ်တရတွေကို မှတ်တမ်းတင်ထားနိုင်ပါတယ်။ အခြားအချက်အလက်တွေအနေနဲ့ dual-SIM အထောက်အပံ့၊ microSD card အထောက်အပံ့နဲ့ FM Radio တို့ ပါဝင်ပါတယ်။

-နောင်နောင်
Ref: GizmoChina