Self-Development Program for Youth သင်တန်း အခမဲ့ဖွင့်လှစ်မည်

KMD Institute ရဲ့ အခမဲ့ တစ်ပတ်ဖြစ်သော Self-Development Program for Youth CSR Certificate သင်တန်း (Batch -2) ကို ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကာလက စက်တင်ဘာ ၂ ရက်မှ ၉ ရက်အထိ၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း (သို့) IGCSE ဖြေဆို/အောင်မြင်ထားသော ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်းပြီး မည်သည့် ပညာရေးလမ်းကြောင်းကို ဆက်လက် ရွေးချယ်ရမည်ကို မသိသေးသူများ၊ သတင်းအချက်အလက်နည်းပညာ (IT) ကို စိတ်ဝင်စားသော အသက် (၁၆) နှစ်မှ (၂၀) နှစ် အတွင်းရှိ အနာဂတ် မျိုးဆက်သစ်လူငယ်များ၏ တိုးတက်မှုအတွက် လိုအပ်သော အရည်အချင်းများကို အခမဲ့ သင်ကြားပေးပြီး အနာဂတ်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုပါ အခမဲ့ ဆွေးနွေးပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ လူအများနဲ့ ပြောဆိုဆက်ဆံတဲ့ အရည်အချင်းများ၊ ခေါင်းဆောင်မှုနဲ့ လူအများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ဆိုင်ရာ အရည်အချင်းများရဲ့ အခြေခံများကို လက်တွေ့ activity တွေနဲ့ workshop ပုံစံဖြင့် လေ့လာသိရှိနိုင်မှာဖြစ်ပြီး လက်တွေ့ဘဝမှာ (problem solving) ပြသနာများဖြေရှင်းတဲ့အခါမှာ အလွန်အသုံးဝင်တဲ့ programming concepts တွေနဲ့ computer တစ်ခုရဲ့ step-by-step analysis (တစ်ဆင့်ပြီးတစ်ဆင့် ခွဲခြမ်းစိတ်ဖြာပြီး တွေးခေါ်မှုပုံစံများ) ကို စိတ်ဝင်စားစရာ game ပုံစံ software တစ်ခုကို အသုံးပြုပြီး အလွယ်တကူ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

၂၁ ရာစု၏ ပြောင်းလဲလာသော နည်းပညာခေတ်ရေစီးကြောင်းနဲ့ အညီ Industry 4.0 ခေတ်မှာ ဖြစ်ပေါ်လာတဲ့ နည်းပညာတွေဖြစ်တဲ့ Aritifical Intelligence, Machine Learning, Big Data, Virtual Reality, Augmented Reality, Cloud Computing, Internet of Things နဲ့ Robotics အစရှိတဲ့ စိတ်ဝင်စားဖွယ်ရာ နည်းပညာများအကြောင်း၊ ဗဟုသုတတွေနဲ့ ယနေ့ခေတ် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ IT နယ်ပယ်မှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ အကြောင်းကိုပါ ဆွေးနွေးပြောကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ KMD Institute (မြေနီကုန်းစင်တာ) ဖုန်း-၀၁-၇၅၂၇၄၃၆၊ ၇၅၃၄၁၇၀ နဲ့ Page ရဲ့ Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့ အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ်ထားလိုက်ပါ «««