SECURING MYANMAR CYBERSPACE ခေါင်းစဉ်ဖြင့် အွန်လိုင်းစကားဝိုင်းပြုလုပ်မည်

မြန်မာသတင်းအချက်အလက်လုံခြုံ‌‌ရေးဆိုင်ရာအသင်း (Myanmar Information Security Association) မှ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်များဦးဆောင်ပြီး CXO Round Table ဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လယ် ၁၂ နာရီအထိ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ကမ္ဘာတစ်ဝှမ်း၌ လက်ရှိဖြစ်ပေါ်နေသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အချက်အလက်များနှင့်အတူ အ‌‌ထူးသဖြင့် အာဆီယံနိုင်ငံများအတွင်း ဖြစ်ပေါ်နေသော အကြောင်းအရာများ၊ ဒစ်ဂျစ်တယ်နည်းပညာ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ‌‌နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကျိူး ဆက်များအပြင် သတိပြုစရာ အချက်အလက်များနှင့် ‌ဒစ်ဂျစ်တယ် ငွေကြေးစနစ်များ အသုံးပြုရာတွင် အများပြည်သူတို့မှ သိသင့်သိထိုက်သည့် အချက်အလက်များ အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးမှာဖြစ်ပြီး နိုင်ငံတကာမှာ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံရင့် ဝါရင့်ကျွမ်းကျင်ပညာရှင်​တွေဖြစ်တဲ့ Mr. Leonard Ong, Regional Information Security Officer, APAC, GE Healthcare က Guest of Honor နှင့် Keynote Speaker အနေနဲ့ အဖွင့်အမှာ စကားပြောကြားသွားမှာ ဖြစ်ပြီး Mr. Phoram Mehta, Senior Director and APAC CISO, PayPal မှ ဒစ်ဂျစ်တယ် ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူအနေနဲ့ ဖြည့်စွက်ပြီး ပါဝင်ဆွေး‌နွေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်ကြီးများ အနေဖြင့် ဦးကျော်စိုးလင်း (နည်းပညာအရာရှိချုပ်၊ ရိုးမဘဏ်)၊ ဦးချစ်ထွန်းဖေ (မန်နေးဂျင်းဒါရိုက်တာ၊ ဧရာဝတီဘဏ်) နှင့် ဦးထင်အောင်လှိုင် (နည်းပညာအရာရှိချုပ်၊ ‌ဝေ့(ဖ်)မန်းနီး) တို့က ပါဝင်ဆွေးနွေးသွားမှာဖြစ်ပြီး ဆွေးနွေးမှုတွေကို MiS​A ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကိုမိုက်ဘုန်းမြင့်က ဦးဆောင်ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

MiSA Cybersecurity Series ရဲ့ ပထမဆုံး ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မယ်လို့ သိရပါတယ်။အခမ်းအနားတက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/377RHfE မှတစ်ဆင့်​ register ပြုလုပ်ရမှာ ဖြစ်ပါတယ်။