Search4Soul Portrait Mobile Photography Workshop ျပဳလုပ္မည္

[ Zawgyi ]

Huawei Consumer Business Group မွ ဇြန္ ၂၅ ရက္မွာ “Search4Soul” လို႔ အမည္ေပးထားတဲ့ Portrait Mobile Photography Workshop ကို ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

Workshop အတြက္ စာရင္းေပးသြင္းျခင္းကို ဇြန္ ၁၅ ရက္မွ စတင္ကာ Huawei Mobile Myanmar ရဲ႕ Official Facebook Page မွာ ၆ ရက္ၾကာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဝင္ေရာက္စာရင္းေပးသြင္းသူမ်ားထဲမွ(၂၅) ဦးကို မဲႏိႈက္ကာ workshop တက္ေရာက္ခြင့္ေပးအပ္မွာျဖစ္ၿပီး Workshop မွာ HUAWEI P30 Pro နဲ႔ ရိုက္ကူးခြင့္ ရမွာ ျဖစ္ပါတယ္။ ဖုန္းကင္မရာနဲ႔ Portrait ဓာတ္ပံုရိုက္ကူးမႈရဲ႕ အေျခခံအေၾကာင္းအရာေတြ၊ အယူအဆေတြနဲ႔ သိမွတ္ဖြယ္ရာေတြကို ဓာတ္ပံုဆရာ ကိုေဝလင္းက လက္ေတြ႔သင္ၾကား ျပသေပးသြားမယ္လို႔ သိရပါတယ္။

အဆိုပါ Portrait Workshop မွာ Look, Cafe’ Soul Search, Rain Outdoor Night အစရွိတဲ့Theme (၃) မ်ိဳးနဲ႔ မည္ကဲ့သို႔ ရိုက္ကူးပံုေဖာ္ရမယ္ဆိုတာကို ေဝမွ်ပို႔ခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ workshop မွာ May Grace က ေမာ္ဒယ္အျဖစ္ ပါဝင္မွာျဖစ္ၿပီး Theme အသီးသီးနဲ႔ လိုက္ဖက္တဲ့ ဖက္ရွင္အျပင္အဆင္အတြက္ Stylist Swannie Dean နဲ႔မိတ္ကပ္အတြက္January Wee Wee မွ ကူညီပံ့ပိုးေပးသြားမယ္လို႔ သိရပါတယ္။

လတ္တေလာ ထြက္ရွိထားတဲ့ HUAWEI P30 Series ရဲ႕ စြမ္းေဆာင္ရည္ေတြ၊ ကင္မရာ လုပ္ေဆာင္ခ်က္ေတြနဲ႔ အတူ ဓာတ္ပံုရိုက္ကူးျခင္းအနုပညာကို ေလ့လာခြင့္ရရွိႏိုင္ဖို႔အတြက္ Workshop ကို ျပဳလုပ္ရျခင္းျဖစ္ေၾကာင္းနဲ႔ အဆိုပါ Workshop မွာ HUAWEI P30 Pro ကို အဓိက အသံုးျပဳသြားမယ္လို႔ သိရပါတယ္။

[ Unicode ]

Huawei Consumer Business Group မှ ဇွန် ၂၅ ရက်မှာ “Search4Soul” လို့ အမည်ပေးထားတဲ့ Portrait Mobile Photography Workshop ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Workshop အတွက် စာရင်းပေးသွင်းခြင်းကို ဇွန် ၁၅ ရက်မှ စတင်ကာ Huawei Mobile Myanmar ရဲ့ Official Facebook Page မှာ ၆ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဝင်ရောက်စာရင်းပေးသွင်းသူများထဲမှ(၂၅) ဦးကို မဲနှိုက်ကာ workshop တက်ရောက်ခွင့်ပေးအပ်မှာဖြစ်ပြီး Workshop မှာ HUAWEI P30 Pro နဲ့ ရိုက်ကူးခွင့် ရမှာ ဖြစ်ပါတယ်။ ဖုန်းကင်မရာနဲ့ Portrait ဓာတ်ပုံရိုက်ကူးမှုရဲ့ အခြေခံအကြောင်းအရာတွေ၊ အယူအဆတွေနဲ့ သိမှတ်ဖွယ်ရာတွေကို ဓာတ်ပုံဆရာ ကိုဝေလင်းက လက်တွေ့သင်ကြား ပြသပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ Portrait Workshop မှာ Look, Cafe’ Soul Search, Rain Outdoor Night အစရှိတဲ့Theme (၃) မျိုးနဲ့ မည်ကဲ့သို့ ရိုက်ကူးပုံဖော်ရမယ်ဆိုတာကို ဝေမျှပို့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ workshop မှာ May Grace က မော်ဒယ်အဖြစ် ပါဝင်မှာဖြစ်ပြီး Theme အသီးသီးနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အပြင်အဆင်အတွက် Stylist Swannie Dean နဲ့မိတ်ကပ်အတွက်January Wee Wee မှ ကူညီပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။

လတ်တလော ထွက်ရှိထားတဲ့ HUAWEI P30 Series ရဲ့ စွမ်းဆောင်ရည်တွေ၊ ကင်မရာ လုပ်ဆောင်ချက်တွေနဲ့ အတူ ဓာတ်ပုံရိုက်ကူးခြင်းအနုပညာကို လေ့လာခွင့်ရရှိနိုင်ဖို့အတွက် Workshop ကို ပြုလုပ်ရခြင်းဖြစ်ကြောင်းနဲ့ အဆိုပါ Workshop မှာ HUAWEI P30 Pro ကို အဓိက အသုံးပြုသွားမယ်လို့ သိရပါတယ်။