Seameo Chat Basic Level I (1/2020) သင်တန်းအတွက် ဝင်ခွင့်ခေါ်ယူမည်

အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့က ဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာနမှဖွင့်လှစ်တဲ့ CHAT Communication in English Language Course, Basic Level I (1/2020) သင်တန်းအတွက် ဝင်ခွင့်ခေါ်ယူမယ်လို့ သိရပါတယ်။

ဝင်ခွင့်ကို ဒီဇင်ဘာ ၂ ရက်၊ နံနက် ၉ နာရီ SEAMEO CHAT Facebook မှာဖော်ပြထားတဲ့ Link မှ တစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ အွန်လိုင်းမှ လျှောက်ထားရမှာဖြစ်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမယ့် အချိန်၊ နေ့ရက်၊ နေရာတွေကို SEAMEO CHAT Facebook မှာလည်းကောင်း၊ SEAMEO CHAT ဌာနမှာလည်းကောင်း ဖော်ပြပေးမှာပါ။

သင်တန်းတက်ရောက်လိုသူတွေဟာ အနိမ့်ဆုံး အခြေခံပညာအထက်တန်းအောင်မြင်ပြီး CHAT Communication in English Language Course ဝင်ခွင့်စာမေးပွဲမှာ သင်တန်းကလက်ခံနိုင်တဲ့ လူဦးရေနဲ့အညီ သတ်မှတ်ထားတဲ့ အောင်လက်မှတ်ရှိသူတွေဖြစ်ရပါမယ်။ သင်တန်းကိုတော့ ဆီမီယိုဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန ပြည်လမ်း၊ ရန်ကုန်မြို့မှာ တက်ရောက်ရမှာဖြစ်ပါတယ်။

-သန္တာ