SD card မ်ားတြင္ 128TB အထိ သိုေလွာင္သိမ္းဆည္း ႏိုင္ေတာ့မည္

[ Zawgyi ]

SD card ေတြမွာ အျမင့္ဆံုးသိုေလွာင္မႈပမာဏ 128 terabytes အထိ တိုးျမွင့္ႏိုင္ၿပီး တစ္စကၠန္႔ကို 985 megabytes နဲ႔ ျမန္ဆန္စြာ အခ်က္အလက္ လႊဲေျပာင္းေပးႏိုင္မယ့္ card specification သစ္ကို SD Association က ေၾကညာလိုက္ပါတယ္။

လက္ရိွမွာ SD card ေတြရဲ႕ အျမင့္ဆံုး သိုေလွာင္မႈပမာဏက 2TB ျဖစ္ပါတယ္။ ဒီသတ္မွတ္ခ်က္ကို ၂၀၀၉ ခုႏွစ္ကတည္းက မိတ္ဆက္ခဲ့တာပါ။ ၂၀၁၆ ခုႏွစ္မွာေတာ့ SanDisk က 1 terabyte SD card ေရွ႕ေျပးပံုစံတစ္မ်ိဳးကို ပြဲထုတ္မိတ္ဆက္ခဲ့ေပမယ့္ ေရာင္းခ်ခဲ့ျခင္း မရိွပါဘူး။

Format သစ္ကို SD Express လို႔ေခၚဆိုၿပီး လက္ရိွ SD card ေတြမွာ PCI Express နဲ႔ NVMe interface ေတြကို ထည့္သြင္းထားတာ ျဖစ္ပါတယ္။ ဒီအေျပာင္းအလဲေတြဟာ card ေတြကို အျမင့္ဆံုး အခ်က္အလက္ေရႊ႕ေျပာင္းႏႈန္းကို 985MB/s နဲ႔ အျမင့္ဆံုး သိုေလွာင္မႈ ပမာဏကို 128TB အထိ ရရိွေစမွာျဖစ္ပါတယ္။ 128TB card ေတြကို SD Ultra Capacity (SDUC) အေနနဲ႔ ရည္ညႊန္းႏိုင္ပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီ SD Express format သစ္ကို SDXC နဲ႔ SDHC card ေတြအျပင္ SD နဲ႔ microSD အရြယ္ေတြမွာလည္း ရရိွႏိုင္ပါတယ္။

SD Express card ေတြဟာ တစ္ေန႔ေန႔မွာ လက္ေတာ့ပ္ေတြရဲ႕ SSD နဲ႔ HDD storage ေနရာ အစားထိုးႏိုင္လိမ့္မယ္လို႔လည္း SD Association က ေျပာၾကားခဲ့ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge/Pocket-lint

[ Unicode ]

SD card တွေမှာ အမြင့်ဆုံးသိုလှောင်မှုပမာဏ 128 terabytes အထိ တိုးမြှင့်နိုင်ပြီး တစ်စက္ကန့်ကို 985 megabytes နဲ့ မြန်ဆန်စွာ အချက်အလက် လွှဲပြောင်းပေးနိုင်မယ့် card specification သစ်ကို SD Association က ကြေညာလိုက်ပါတယ်။

လက်ရှိမှာ SD card တွေရဲ့ အမြင့်ဆုံး သိုလှောင်မှုပမာဏက 2TB ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ကို ၂၀၀၉ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ SanDisk က 1 terabyte SD card ရှေ့ပြေးပုံစံတစ်မျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့ပေမယ့် ရောင်းချခဲ့ခြင်း မရှိပါဘူး။

Format သစ်ကို SD Express လို့ခေါ်ဆိုပြီး လက်ရှိ SD card တွေမှာ PCI Express နဲ့ NVMe interface တွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲတွေဟာ card တွေကို အမြင့်ဆုံး အချက်အလက်ရွှေ့ပြောင်းနှုန်းကို 985MB/s နဲ့ အမြင့်ဆုံး သိုလှောင်မှု ပမာဏကို 128TB အထိ ရရှိစေမှာဖြစ်ပါတယ်။ 128TB card တွေကို SD Ultra Capacity (SDUC) အနေနဲ့ ရည်ညွှန်းနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ SD Express format သစ်ကို SDXC နဲ့ SDHC card တွေအပြင် SD နဲ့ microSD အရွယ်တွေမှာလည်း ရရှိနိုင်ပါတယ်။

SD Express card တွေဟာ တစ်နေ့နေ့မှာ လက်တော့ပ်တွေရဲ့ SSD နဲ့ HDD storage နေရာ အစားထိုးနိုင်လိမ့်မယ်လို့လည်း SD Association က ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: TheVerge/Pocket-lint