SD ကတ်ကို Android ဖုန်းရဲ့ default internal memory အဖြစ် ဘယ်လိုပြောင်းလဲ အသုံးပြုမလဲ

Android ဖုန်းမှာ default internal memory နည်းတဲ့ဖုန်း တွေအတွက်အသုံးဝင်တဲ့ နည်း လမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ SD ကတ်ကို ဖုန်းရဲ့ default internal memory အနေနဲ့ ပြောင်းလဲအသုံးပြုတဲ့ နည်းလေးပါ။

Android Marshmallow ကစပြီး ဖုန်းမှာ root လုပ်စရာမလိုဘဲ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ ဒီလိုပြောင်းလဲ အသုံးပြုခြင်းအားဖြင့် ဖုန်းရဲ့ internal memory ပြည့်ပြည့်သွားတဲ့ ဒုက္ခမရှိတော့ဘဲ ဖုန်းကို သုံးနိုင်မှာဖြစ်သလို internal memory ပြည့်သွားလို့ ဓာတ်ပုံရိုက်မရတာ၊ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းကပုံတွေ ဖုန်းထဲ သိမ်းလို့မရတော့တာ၊ App နဲ့ ဂိမ်းအသစ်တွေ ထပ်သွင်းလို့ မရတော့တာနဲ့ ဖုန်းစနစ် လေးလံနှေး ကွေးတာမျိုးတွေ မရှိဘဲလည်း အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

အထက်ကဖော်ပြခဲ့သလိုအ သုံးပြုနိုင်ဖို့အတွက် ဖုန်းရဲ့ Settings စနစ်ထဲကို ဝင်လိုက်ပါ။

ပြီးရင်တော့ Storage စနစ်ထဲ ကိုထပ်ဝင်ပေးပါ။

Storage စနစ်ထဲ ရောက်သွားရင်တော့ အောက်ပုံမှာ ပြထားတဲ့အတိုင်း Storage settings ထဲကို ဝင်လိုက်ပါ။

Storage settings ထဲကို ရောက်ရင်တော့ အောက်ကပုံအ တိုင်း Use as a portable storage (သို့မဟုတ်) Use as internal storage ဆိုတဲ့ရွေးစရာ နှစ်ခု ရှိပါလိမ့်မယ်။မိမိအနေနဲ့ SD ကတ်ကို internal memory အနေနဲ့ အသုံးပြုချင်တာဖြစ်တဲ့ အတွက် Use as internal storage ကို ရွေးပေးရပါမယ်။ (ဒီနေရာမှာ မိမိအနေနဲ့ SD ကတ် အသစ်ကို အသုံးပြုတာ ပိုကောင်းတယ်လို့ အကြံပြုချင်ပါတယ်။ ဖုန်းကနေ SD ကတ်ကို format ချဖို့ တောင်းဆိုတဲ့အခါမှာ မိမိအနေနဲ့ အချက်အလက်ဒေတာရှိတဲ့ SD ကတ်ကို အသုံးပြုမယ်ဆိုရင်တော့ မိမိရဲ့ ဒေတာတွေ ပျက်သွားနိုင် တာကြောင့်ပါ။)

Use as internal storage ကို ရွေးလိုက်ပြီး ဖုန်းကနေ SD ကတ်ကို format ချပြီးတဲ့အထိ စောင့်ပေးပါ။ အားလုံးပြီး သွားရင်တော့ ဖုန်းရဲ့ internal memory ကို SD ကတ်အဖြစ် ပြောင်းလဲအသုံးပြုတာ ပြီးဆုံးပြီ ဖြစ်ပါတယ်။ မိမိအနေနဲ့ဖုန်းရဲ့ Storage စနစ်ထဲကို ပြန်သွား ကြည့်ရင် နဂိုထပ်ပိုပြီး နေရာ လွတ်တွေရှိနေတာကိုတွေ့ ရမှာ ဖြစ်ပါတယ်။

မိမိအနေနဲ့ နောက်တစ်ဆင့် internal memory ထဲက App နဲ့ အခြားအချက်အလက်တွေကို SD ထဲကို Migrate data လုပ်ပြီး အပြီးပြောင်းရွှေ့ နိုင်ပါသေးတယ်။ ဒါပေမဲ့ အဲလိုလုပ်တာက ဖုန်းထဲက တချို့ App တွေ အသုံးပြုလို့မရနိုင်တာမျိုး ဖြစ်တတ်တဲ့အတွက် မိမိအနေနဲ့ကိုယ်တိုင် manual အနေနဲ့ ဖုန်းထဲက ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အခြားအချက်အလက်ဒေတာထဲကို ပြောင်းရွှေ့ပြီး ဖုန်းရဲ့ internal memory နေရာလွတ်ပိုများအောင် လုပ်ဆောင်ဖို့ အကြံပြုလိုက်ပါတယ်။

-ရဲထွဋ်ဝင်း