Screen ႏွစ္ခုပါဝင္တဲ့ Windows 10 ARM ထုတ္ကုန္တစ္မ်ိဳး Dell ဖန္တီးေနဟုဆို

[ Zawgyi ]

Dell ဟာ screen ႏွစ္ခုပါဝင္တဲ့ ထုတ္ကုန္သစ္တစ္မ်ိဳးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းတစ္ရပ္ ထြက္ေပၚလာပါတယ္။ ဒီေကာလာဟလ သတင္းမွာ ေဖာ္ျပထားတဲ့ Dell ထုတ္ကုန္မွာ Windows 10 နဲ႔ Qualcomm ရဲ႕ Snapdragon processor တစ္ခု အသံုးျပဳထားတယ္လို႔ ဆိုပါတယ္။

Dell ရဲ႕ Windows 10 ARM ထုတ္ကုန္ရဲ႕ codename က “Januss” ျဖစ္တယ္လို႔ ဂ်ာမန္ဝက္ဘ္ဆိုက္ WinFuture.de က ေဖာ္ျပခဲ့ပါတယ္။ ဒီထုတ္ကုန္မွာ display ႏွစ္ခုပါဝင္ၿပီး အဲ့ဒီ display ေတြကို ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ခဲ့တယ္လို႔ အဆုိပါ ဂ်ာမန္ဆိုက္က ေျပာၾကားခဲ့ပါတယ္။

သတင္းမွာ ေဖာ္ျပထားခ်က္အရ Dell ရဲ႕ထုတ္ကုန္မွာ မျဖန္႔ခ်ိရေသးတဲ့ Qualcomm Snapdragon 850 ARM processor ကို အသံုးျပဳထားတယ္လို႔ သိရပါတယ္။ Qualcomm ဟာ ဒီ ARM processor ကို မမိတ္ဆက္ရေသးေပမယ့္ မၾကာေသးခင္က Geekbench ေပၚမွာ ထြက္ေပၚလာခဲ့တယ္လို႔ ZDNet က ေထာက္ျပခဲ့ပါတယ္။ Snapdragon 850 ARM ကို ၂၀၁၈ ဒုတိယႏွစ္ဝက္အတြင္းမွာ laptop သစ္ေတြနဲ႔ 2-in-1 ထုတ္ကုန္သစ္ေတြမွာ ေတြ႕ျမင္ရဖို႔ရိွပါတယ္။ အဲ့ဒီထုတ္ကုန္ေတြမွာ ARM ေပၚမွာသံုးႏိုင္မယ့္ Windows 10 ဗားရွင္းကို အသံုးျပဳထားတယ္လို႔ သိရပါတယ္။

Dell ရဲ႕ dual-screen ထုတ္ကုန္မွာ LTE နဲ႔သံုးႏိုင္မယ့္ modem တစ္ခု ပါဝင္လာဖြယ္ရိွပါတယ္။ ARM ေပၚမွာသံုးႏိုင္မယ့္ Windows 10 ဟာ ဘယ္ေနရာကေနမဆို အြန္လိုင္းသံုးႏိုင္ေစမယ့္ always connected ထုတ္ကုန္ေတြအတြက္ ပလက္ေဖာင္းတစ္ခုအျဖစ္ ေစ်းကြက္ဝင္ထားတာေၾကာင့္ ဒါက ျဖစ္ႏိုင္ေျခအမ်ားႀကီး ရိွပါတယ္။ ဒါ့အျပင္ Dell ဟာ “Januss” ထုတ္ကုန္မွာ USB Type-C port တစ္ခုနဲ႔ ကင္မရာအခ်ိဳ႕ ထည့္သြင္းဖို႔အတြက္ Compal နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ယူဆရပါတယ္။ WinFuture.de က ေတြ႕ရိွခဲ့တဲ့ စာရြက္စာတမ္းေတြမွာေတာ့ ဒီထုတ္ကုန္မွာ အီလက္ထရြန္နစ္ သံလိုက္အိမ္ေျမွာင္တစ္ခုနဲ႔ accelerometer သို႔ gyroscope တစ္ခု ပါဝင္လာဖြယ္ရိွတယ္လို႔ ေဖာ္ျပထားပါတယ္။

Dell ရဲ႕ Windows 10 ARM ထုတ္ကုန္သစ္ရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ အရြယ္အစား၊ ဒီဇိုင္းတို႔ကိုေတာ့ မသိရေသးပါဘူး။

-ေနာင္ေနာင္
Ref: IBTimes

========

[ Unicode [

Screen နှစ်ခုပါဝင်တဲ့ Windows 10 ARM ထုတ်ကုန်တစ်မျိုး Dell ဖန်တီးနေဟုဆို

========

Dell ဟာ screen နှစ်ခုပါဝင်တဲ့ ထုတ်ကုန်သစ်တစ်မျိုးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။ ဒီကောလာဟလ သတင်းမှာ ဖော်ပြထားတဲ့ Dell ထုတ်ကုန်မှာ Windows 10 နဲ့ Qualcomm ရဲ့ Snapdragon processor တစ်ခု အသုံးပြုထားတယ်လို့ ဆိုပါတယ်။

Dell ရဲ့ Windows 10 ARM ထုတ်ကုန်ရဲ့ codename က “Januss” ဖြစ်တယ်လို့ ဂျာမန်ဝက်ဘ်ဆိုက် WinFuture.de က ဖော်ပြခဲ့ပါတယ်။ ဒီထုတ်ကုန်မှာ display နှစ်ခုပါဝင်ပြီး အဲ့ဒီ display တွေကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တယ်လို့ အဆိုပါ ဂျာမန်ဆိုက်က ပြောကြားခဲ့ပါတယ်။

သတင်းမှာ ဖော်ပြထားချက်အရ Dell ရဲ့ထုတ်ကုန်မှာ မဖြန့်ချိရသေးတဲ့ Qualcomm Snapdragon 850 ARM processor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Qualcomm ဟာ ဒီ ARM processor ကို မမိတ်ဆက်ရသေးပေမယ့် မကြာသေးခင်က Geekbench ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို့ ZDNet က ထောက်ပြခဲ့ပါတယ်။ Snapdragon 850 ARM ကို ၂၀၁၈ ဒုတိယနှစ်ဝက်အတွင်းမှာ laptop သစ်တွေနဲ့ 2-in-1 ထုတ်ကုန်သစ်တွေမှာ တွေ့မြင်ရဖို့ရှိပါတယ်။ အဲ့ဒီထုတ်ကုန်တွေမှာ ARM ပေါ်မှာသုံးနိုင်မယ့် Windows 10 ဗားရှင်းကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Dell ရဲ့ dual-screen ထုတ်ကုန်မှာ LTE နဲ့သုံးနိုင်မယ့် modem တစ်ခု ပါဝင်လာဖွယ်ရှိပါတယ်။ ARM ပေါ်မှာသုံးနိုင်မယ့် Windows 10 ဟာ ဘယ်နေရာကနေမဆို အွန်လိုင်းသုံးနိုင်စေမယ့် always connected ထုတ်ကုန်တွေအတွက် ပလက်ဖောင်းတစ်ခုအဖြစ် စျေးကွက်ဝင်ထားတာကြောင့် ဒါက ဖြစ်နိုင်ခြေအများကြီး ရှိပါတယ်။ ဒါ့အပြင် Dell ဟာ “Januss” ထုတ်ကုန်မှာ USB Type-C port တစ်ခုနဲ့ ကင်မရာအချို့ ထည့်သွင်းဖို့အတွက် Compal နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ယူဆရပါတယ်။ WinFuture.de က တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေမှာတော့ ဒီထုတ်ကုန်မှာ အီလက်ထရွန်နစ် သံလိုက်အိမ်မြှောင်တစ်ခုနဲ့ accelerometer သို့ gyroscope တစ်ခု ပါဝင်လာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

Dell ရဲ့ Windows 10 ARM ထုတ်ကုန်သစ်ရဲ့ လုပ်ဆောင်ချက်နဲ့ အရွယ်အစား၊ ဒီဇိုင်းတို့ကိုတော့ မသိရသေးပါဘူး။

-နောင်နောင်
Ref: IBTimes