Screen ကိုလှန်ပြီး အသုံးပြုနိုင်တဲ့ Acer Predator Triton 900

ဘာလင်မြို့မှာ ပြုလုပ်နေတဲ့ IFA 2018 ပြပွဲမှာ Acer ဟာ နောက်ဆုံး gaming laptop ဖြစ်တဲ့ Predator Triton 900 ကို မိတ်ဆက်ခဲ့ပါတယ်။ Acer Predator Triton 900 ဟာ Acer ရဲ့အခြား laptop တွေနဲ့ ဆင်ပေမယ့် screen ကိုလှန်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Acer Predator Triton ရဲ့ screen မှာ Nvidia G-Sync နဲ့ 4K UHD touchscreen ဖြစ်ပြီး CNC စက်ပတ္တာကို အသုံးပြုထားပါတယ်။ သာမန် laptop လိုမျိုး keyboard နားအထိကပ်ပြီး နီးနီးကပ်ကပ် အသုံးပြုနိုင်ဖို့ ပတ္တာဒီဇိုင်းကို ထည့်သွင်းခဲ့ပြီး screen ကိုလှန်နိုင်သလို tablet အဖြစ်လည်း ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

Predator Triton 900 Acer ရဲ့နောက်ဆုံးပေါ် စတုတ္ထမြောက်မျိုးဆက် Aeroblade 3D ပန်ကာတွေ ပါဝင်လာသလို mechanical keyboard နဲ့ မီးအလင်းရောင်အားကောင်းတဲ့ number pad ကို trackpad အဖြစ်လည်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

Acer အနေနဲ့ Predator Triton 900 ရဲ့ spec အသေးစိတ်ကို မထုတ်ပြန်ခဲ့သလို ဘယ်လို ပရိုဆက်ဆာ ဒါမှမဟုတ် GPU ပါလာမလဲဆိုတာ မသိရသေးပါဘူး။ ဒါ့အပြင် Acer က Predator Triton 900 ဈေးနှုန်း ဒါမှမဟုတ် ထွက်ရှိမယ့်ရက်ကိုလည်း မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ Acer Predator Triton 900 ဟာ Predator မော်ဒယ်တွေလိုပဲ စွမ်းဆောင်ရည် အလွန်မြင့်မား လာနိုင်ပါတယ်။

စိုးထက်
Ref: TheVerge