Scout လို႔ေခၚတဲ့ အသံနဲ႔ထိန္းခ်ဳပ္ေစခိုင္းႏိုင္တဲ့ web browser တစ္မ်ိဳး Mozilla ဖန္တီးေန

[ Zawgyi ]

Firefox web browser ကို ဖန္တီးတဲ့ Mozilla ဟာ Scout လို႔ေခၚတဲ့ ပေရာဂ်က္သစ္တစ္ခုကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ ဒီပေရာဂ်က္အသစ္ဟာ keyboard, mouse နဲ႔ touchscreen tap ေတြအစား အသံနဲ႔ထိန္းခ်ဳပ္ေစခိုင္းႏိုင္တဲ့ web browser တစ္ခုျဖစ္ပါတယ္။

“Scout app နဲ႔အတူ အသံနဲ႔ အင္တာနက္သံုးတာနဲ႔ content သံုးစြဲတာေတြအတြက္ စူးစမ္းရွာေဖြမႈကို စတင္သြားမွာပါ” လို႔ Mozilla က ေျပာၾကားခဲ့ပါတယ္။

ဒီ web browser သစ္ဟာ “Hey Scout ငါ့ကို ပိုလာဝက္ဝံေတြအေၾကာင္း ဖတ္ျပပါ” ဆိုတာမ်ိဳး ႐ိုးရွင္းတဲ့ အသံနဲ႔ထိန္းခ်ဳပ္ ေစခိုင္းမႈေတြကို ကိုင္တြယ္ႏိုင္ပါတယ္။

အသံနဲ႔ထိန္းခ်ဳပ္ေစခိုင္းႏိုင္တဲ့ browser ဟာ အင္တာနက္သံုးစြဲမႈ နည္းလမ္းသစ္တစ္ခုကို လမ္းဖြင့္ေပးႏိုင္မွာျဖစ္သလို Google Chrome နဲ႔ယွဥ္ၿပိဳင္ရာမွာ ႐ုန္းကန္ေနရတဲ့ Mozilla အတြက္ ပိုမိုတိုးတက္ေကာင္းမြန္လာေစမယ့္ ရင္းျမစ္ေတြကိုလည္း ေထာက္ပံ့ေပးႏိုင္မွာ ျဖစ္ပါတယ္။ StatCounter ရဲ႕အဆိုအရ Chrome နဲ႔ အင္တာနက္သံုးစြဲသူ ၅၈ ရာခိုင္ႏႈန္းရိွၿပီး Firefox က ၅ ရာခိုင္ႏႈန္းပဲရိွတယ္လို႔ သိရပါတယ္။

Mozilla ဟာ Firefox web browser ရဲ႕ Quantum ဗားရွင္းေတြနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ေနဆဲျဖစ္ပါတယ္။ ႏိုဝင္ဘာလက ျဖန္႔ခ်ိခဲ့တဲ့ Firefox Quantum ရဲ႕ ပထမဆံုးဗားရွင္းဟာ အရင္ browser ဗားရွင္းေဟာင္းထက္ ႏွစ္ဆပိုမိုျမန္ဆန္တယ္လို႔ အမႊမ္းတင္ခဲ့ပါတယ္။ Firefox Quantum တိုးတက္ဖြံ႕ၿဖိုးဖို႔အတြက္ ဆက္လက္လုပ္ေဆာင္ေနၿပီး အေျပာင္းအလဲေတြနဲ႔ အဆင့္ျမႇင့္တင္မႈေတြကို အသစ္ထြက္မယ့္ update ေတြမွာ ေတြ႕ျမင္ရမယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: IBTimes

[ Unicode ]

Firefox web browser ကို ဖန်တီးတဲ့ Mozilla ဟာ Scout လို့ခေါ်တဲ့ ပရောဂျက်သစ်တစ်ခုကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီပရောဂျက်အသစ်ဟာ keyboard, mouse နဲ့ touchscreen tap တွေအစား အသံနဲ့ထိန်းချုပ်စေခိုင်းနိုင်တဲ့ web browser တစ်ခုဖြစ်ပါတယ်။

“Scout app နဲ့အတူ အသံနဲ့ အင်တာနက်သုံးတာနဲ့ content သုံးစွဲတာတွေအတွက် စူးစမ်းရှာဖွေမှုကို စတင်သွားမှာပါ” လို့ Mozilla က ပြောကြားခဲ့ပါတယ်။

ဒီ web browser သစ်ဟာ “Hey Scout ငါ့ကို ပိုလာဝက်ဝံတွေအကြောင်း ဖတ်ပြပါ” ဆိုတာမျိုး ရိုးရှင်းတဲ့ အသံနဲ့ထိန်းချုပ် စေခိုင်းမှုတွေကို ကိုင်တွယ်နိုင်ပါတယ်။

အသံနဲ့ထိန်းချုပ်စေခိုင်းနိုင်တဲ့ browser ဟာ အင်တာနက်သုံးစွဲမှု နည်းလမ်းသစ်တစ်ခုကို လမ်းဖွင့်ပေးနိုင်မှာဖြစ်သလို Google Chrome နဲ့ယှဉ်ပြိုင်ရာမှာ ရုန်းကန်နေရတဲ့ Mozilla အတွက် ပိုမိုတိုးတက်ကောင်းမွန်လာစေမယ့် ရင်းမြစ်တွေကိုလည်း ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ StatCounter ရဲ့အဆိုအရ Chrome နဲ့ အင်တာနက်သုံးစွဲသူ ၅၈ ရာခိုင်နှုန်းရှိပြီး Firefox က ၅ ရာခိုင်နှုန်းပဲရှိတယ်လို့ သိရပါတယ်။

Mozilla ဟာ Firefox web browser ရဲ့ Quantum ဗားရှင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။ နိုဝင်ဘာလက ဖြန့်ချိခဲ့တဲ့ Firefox Quantum ရဲ့ ပထမဆုံးဗားရှင်းဟာ အရင် browser ဗားရှင်းဟောင်းထက် နှစ်ဆပိုမိုမြန်ဆန်တယ်လို့ အမွှမ်းတင်ခဲ့ပါတယ်။ Firefox Quantum တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဆက်လက်လုပ်ဆောင်နေပြီး အပြောင်းအလဲတွေနဲ့ အဆင့်မြှင့်တင်မှုတွေကို အသစ်ထွက်မယ့် update တွေမှာ တွေ့မြင်ရမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: IBTimes